ပြည်သူတွေကို ဒီဟာတွေနဲ့သတ်နေတယ်ဆိုတာ သက်သေပြချင်တယ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ပြည်သူကိုပစ်ခတ်ရာမှ မပေါက်ကွဲပဲ ကျန်ရှိနေတဲ့လက်နက်ကြီးကျည်မျိုးစုံကို ဒေသခံတွေက ကောက်ရထားလို့သိရပါတယ်။

RPG တွေ၊ ၄၀ မမကျည်ဆံ နဲ့ အမျိုးအမည်မသိတဲ့ လက်နက်ကြီးကျည်တွေလည်းပါပါတယ်။

ဒေသခံတစ်ဦးက “ဒီဟာတွေကို ကောင်းကောင်းထိန်းသိမ်းထားမယ်။ ဘာလို့လဲဆို စစ်တပ်က ပြည်သူတွေကို ဒီဟာတွေနဲ့ သတ်တယ်ဆိုတာ သက်သေပြချင်တယ်” လို့ပြောပါတယ်။

Zalen ad

အကြမ်းဖက်စစ်တပ်က ကလေးမြို့တာဟန်းခံတပ်ကို မတ် (၂၇)ရက်ကလည်းကောင်း၊ တောင်ပိုင်းတွင် မတ်လ ၂၉ ရက်ကနေ ဧပြီလ ၂ ရက်ထိလည်းကောင်း၊ ဧပြီလ ရ ရက်နေ့တွင် တာဟန်းခံတပ်နဲ့ တောင်ဖီလာခံတပ်ကိုလည်းကောင်း လက်နက်ကြီးမျိုးစုံအသုံးပြု၍ ပြည်သူတွေကို သတ်ဖြတ်လို့ ဒေသခံ ၃၀ သေဆုံးသွားပါပြီ။

နောက်ဆုံးရသတင်းများ

မြန်မာပြည်က သတ္တုတွင်းညစ်ညမ်းမှုကိစ္စ ကုလမေးခွန်းတွေကို အကြောင်းပြန်ဖို့ ထိုင်းအစိုးရကို လွှတ်တော်ကော်မတီ သတိပေး

ဇူလိုင် ၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံထဲက စည်းကမ်းမဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုတွေ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေရဲ့ မေးမြန်းချက်တွေကို အကြောင်းပြန်ပေးဖို့ ထိုင်းအစိုးရကို ...

ဆက်ဖတ်ရန်