ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က လယ်ယာသုံးပစ္စည်းတွေဖျက်ဆီးပြီး ကြက်နဲ့ ပိုက်ဆံလုယူသွား

ကလေးမြို့နယ် မြစ်သာမြစ်အရှေ့ဘက်ကမ်းကျေးရွာများသို့ စစ်ကောင်စီအဖွဲ့ စစ်သားနဲ့ ရဲတွေက ဧပြီလ (၂၉)ရက်တွင်သွားရောက်ပြီး တောင်သူတွေရဲ့ လယ်ယာသုံးပစ္စည်းတွေ ဖျက်ဆီးကာ၊ ကြက်နဲ့ ပိုက်ဆံအနည်းငယ်လုယူသွားတယ်လို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။
ကလေးမြို့၊ အောင်မေတ္တာရပ်ကွက်သို့ စစ်ကားအများအပြားနဲ့ရောက်လာပြီး လှေနဲ့ မြစ်သာမြစ်ကူးကာ နေ့လည်တစ်နာရီခန့်က ခြေကျင်နဲ့သွားတယ်လို့မျက်မြင်တွေ့သူတွေကပြောပါတယ်။

မြစ်သာမြစ်အရှေ့ကမ်းရှိ တဲတွေကိုလဲ အင်အားခြောက်ဆယ်ခန့်နဲ့ပိုက်စိပ်တိုက်ရှာဖွေတာတွေလုပ်တယ်ကာ လယ်ထွန်စက် တစ်စီး၊ ရေစုပ်စက် တစ်လုံး၊ ဆိုလာပြား ၂ ခု၊ နွားလှည်းတစ်စီးဖျက်ဆီးကြပြီး တဲမှာမွေးထားတဲ့ ကြက်တွေယူဆောင်သွားပြီး ပိုက်ဆံအနည်းငယ်လုယူသွားတယ်
လို့ ဒေသခံတွေကပြောပါတယ်။

ဒါကြောင့် အနီးနားက ရွာသားတွေ ရွာထဲမှာ မနေရဲကြတော့ဘဲ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ကြပါတယ်။ ဒီချိန်ဟာ နေကြာသိမ်းတဲ့ကာလဖြစ်ပေမယ့် ရွာသားတွေဟာ နေကြာယူမယ့်သူလည်းမရှိကြပေ။

Zalen ad

နောက်ဆုံးရသတင်းများ

အာဖရိကမှာ အီဘိုလာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် W.H.O က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာ

မေ ၁၈၊ ၂၀၂၆ Zalen အာဖရိကတိုက်က ကွန်ဂိုနဲ့ ယူဂန်ဒါနိုင်ငံတို့မှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O.) က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် စနေနေ့မှာ အရေးပေါ် သတ်မှတ်ကြေညာလိုက်ပါတယ်။ ကွန်ဂိုနိုင်ငံ ...

ဆက်ဖတ်ရန်