ထွေ/အုပ် ဦးစီးဌာနကို စစ်တပ်လက်အာက်သို့ ပြန်ပြောင်း

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်သို့ ပြန်လည် ပြောင်းရွှေ့ ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက မေ ၅ ရက် ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ပြည်ထဲရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ပြင်ဆင်ဖွဲ့စည်း လိုက်တာဖြစ်ကြောင်း စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး ဒုဗိုလ်ချုပ်ကြီး အမိန့်နဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အောက်သို့ ပြောင်းရွှေ့ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ဘုရားကျောင်းတွေ တိုက်ခိုက်ခံရမှုအပေါ် အမေရိကန်က စစ်ကောင်စီကို ဖိအားပေးဖို့ပြင်ဆင်နေ

မေ ၁၂၊ ၂၀၂၆Zalen မြန်မာနိုင်ငံထဲမှာရှိတဲ့ ခရစ်ယာန်ဘာသာရေး အဆောက် အအုံတွေကို မြန်မာစစ်ကောင်စီတပ်က တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက အထူးစိုးရိမ်နေသလို၊ ဒီကိစ္စတွေအတွက် တာဝန်ရှိသူတွေကို အရေးယူဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပြောပါတယ်။ အမေရိကန် ...

ဆက်ဖတ်ရန်