ချင်းအဖွဲ့အစည်းအားလုံးစုပေါင်းပြီး UNHCR ရဲ့ဆုံးဖြတ်ချက်ပေါ်ကန့်ကွက်စာပေးပို့ရန်သဘောတူ

ချင်းဒုက္ခသည်ကိစ္စနဲ့ပတ်သက်ပြီး ကွာလာလမ်ပူမြို့မှာ သြဂုတ်လ(၁၃)ရက်မှ(၁၅)ရက်အထိ ပြည်တွင်းပြည်ပရှိချင်းလူမှုအဖွဲ့အစည်းတွေဆွေးနွေးရာ UNHCRရဲ့ဆုံးဖြတ်ချက်အပေါ်ကန့်ကွက်စာတင်သွင်းရန်သဘောတူဆုံးဖြတ်ကြကြောင်းသိရတယ်။

အဆိုပါ ဆွေးနွေးပွဲတွင် မလေးရှားနိုင်ငံရှိ ချင်းလူမျိုးပေါင်းစုံဖွဲ့စည်းထားတဲ့ ICC(Independent Chin Communities) တွေအခြား ချင်းခရစ်ယာန်မိတ်သဟယအဖွဲ့များ အပါအဝင် ပြည်တွင်းမှ ဦးစောမြ (CPP)၊ ဆလိုင်းအောင်လိန်း (CLD)၊ ဆလိုင်းအောင်မင်းလှိုင်(ACNP)၊ နဲ့ ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင် (GDI, Myanmar)၊ ပြည်ပမှ Salai Elaisa Vahnie (USA, BACI)၊ ဦးလျန်အုပ် (USA)၊ Pu Do Khan Khup (Zomi Inkuan USA)၊ Ram Tinthei (Australia)၊ Pi Tial Hnem (Australia)၊ Sang Hnin Lian (CHRO)၊ Michael (CHRO)၊ Salai Bawi Lian Mang (CNF/CHRO)၊ Pu Victor Biak Lian (Canada)၊ Eric (Fortify Rights) နဲ့ Amy (Fortify Rights) တို့တက်ရောက်ကြပါတယ်။

ကြေညာချက်အပြည့်အစုံကို မကြာမီထုတ်ပြန်သွားမှာဖြစ်ပါတယ်။ UNHCR က မလေးရှား၊ အိန္ဒိယနိုင်ငံရှိ ခိုလုံခွင့်တောင်းခံသော ချင်းလူမျုးိများကို နေရပ်ပြန်သွားရန်ထုတ်ပြန်ထားပြီး ယခုနှစ်နောက်ဆုံးပြင်ဆင်ချိန်ပေးထားတယ်။ မလေးရှားနိုင်ငံမှ ချင်းလူမျိုးနှစ်ယောက် မြန်မာပြည်ပြန်လာရာ ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံခဲ့တယ်။

နောက်ဆုံးရသတင်းများ

PDF Zoland က စစ်မှုထမ်းဖို့ ခေါ်ဆောင်ခဲ့လာတဲ့ လူငယ်တွေထဲက စည်းမျဉ်းနဲ့မကိုက်ညီတဲ့ ၂၀ ဦးကို နေရပ်ပြန်ပို့

ဧပြီ ၁၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်ခရိုင်အတွင်း အခြေပြုလှုပ်ရှားနေတဲ့ Zomi Federal Union (ZFU/PDF Zoland) က စစ်မှုထမ်းဖို့ ခေါ်ဆောင်ခဲ့တဲ့ လူငယ်တွေထဲက စည်းမျဉ်းနဲ့ ညှိစွန်းတဲ့ လူငယ်စုစုပေါင်း ၂၀ ဦးကို ...

ဆက်ဖတ်ရန်