ဖမ်းဆီးထောင်ချခံရတဲ့ ခရစ်ယာန်ဓမ္မအမှုတော်ဆောင်နှစ်ပါးအတွက် မြန်မာစစ်သံမှူးရုံးရှေ့မှာဆန္ဒဖော်ထုတ်

စစ်ကောင်စီတပ်က ထောင်ချထားတဲ့ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်သင်းအုပ်တော်နဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌဟောင်းဖမ်းဆီးထားတဲ့အပေါ် အမေရိကန် ဝါရှင်တန်မြို့ မြန်မာစစ်သံမှူးရုံးရှေ့မှာ မြန်မာနိုင်ငံသားများနဲ့ အမေရိကန်နှစ်ခြင်းအဖွဲ့ချုပ်တာဝန်ရှိသူတွေက ယမန်နေ့ ဒီဇင်ဘာ ၁၇ ရက် ကန့်ကွက်ဆန္ဒပြကြတယ်လို့သတင်းရရှိပါတယ်။

မန္တလေးမြို့၊ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ် သိက္ခာတော်ရ ဆရာတော်သျှန်းလျှန်ဆန်း(Rev.Thian Lian Sang) ကို အာဏာသိမ်း စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၇ရက်တွင် ပုဒ်မ ၂ ခုဖြင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂၃နှစ်ကျရန် အမိန့်ချမှတ်ကြပါတယ်။

၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့တွင် စစ်ကောင်စီလက်ပါးစေများက ဆရာတော် သျှန်းလျန်ဆန်းကို ၎င်းနေထိုင်ရာ မန္တလေးမြို့ ၇၉ လမ်း၊ ၄၀ နဲ့ ၄၁ လမ်းကြားရှိနေအိမ်သို့ စစ်ကောင်စီတပ်က အင်အား ၂၀ ခန့်ဖြင့် စစ်ဆေးမေးမြန်းစရာရှိတယ်လို့ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။

ဒါ့ပြင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌဟောင်း၊ လက်ရှိ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌ Rev.Dr. Hkalam Sam Son ကို ဒီဇင်ဘာ ၅ ရက်နံနက် ၉ နာရီဝန်းကျင်တွင် မန္တလေး လေဆိပ်တွင် စစ်ကောင်စီအဖွဲ့ က ဖမ်းဆီး ခေါ်ဆောင်သွားပြီး အခုထိပြန်မလွတ်သေးပါ။

Zalen ad

Rev. Dr. Hkalam Sam Son အပါအဝင် ၃ ဦးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့ အလုပ်ကိစ္စတစ်ခုဖြင့်သွားရန် ဒီဇင်ဘာ ၅ ရက် နံနက် မန္တလေးလေဆိပ်တွင် ဒေါက်တာ ခလမ်ဆမ်ဆွမ် တစ်ဦးတည်းကိုသာ စစ်ဆေးမေးမြန်ရန် ရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားကြပါတယ်။

ဆရာတော်သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တွင် အတွင်းရေးမှုးအဖြစ် ၈ နှစ်၊ ဥက္ကဋ္ဌအဖြစ် ၄ နှစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်။

လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ အမေရိကန်ပြည်ထောင်စု အိမ်ဖြူတော်တွင် သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံစဉ် မြန်မာပြည်တွင် စစ်တပ်က ခရစ်ယာန်များကို နှိပ်ကွပ်နေကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီအတွက် တိုင်းရင်းသားလက်နက်ကိုင်များက တပ်မတော်ကို တိုက်ခိုက်နေကြောင်း ဖော်ပြခဲ့ပြီးနောက် သိပ်မကြာခင်မှာ ဩဂုတ်လ ၈ ရက်နေ့ တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ မှ ဒုတိယဗိုလ်မှူးကြီး သန်းထိုက် မှ တရားလိုပြုလုပ်ကာ ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၀၀ အရ မြစ်ကြီးနား မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ပါတယ်။ ဒါပေမယ့် စက်တင်ဘာလ ၉ ရက်နေ့တွင် အမှုပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆Zalen ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ...

ဆက်ဖတ်ရန်