ပလက်ဝမြို့နယ်အထက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက စစ်အင်အားဖြည့်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အထက်ပိုင်း၊ ရှင်းလက်ဝအုပ်စု၊ ခုံကျေးရွာအနီးတွင် ဇူလိုင်လ (၃) ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက စစ်အင်အားဖြည့်တင်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ၏ စစ်အင်အားဖြည့်တင်မူကြောင့် တောင်ယာလုပ်ကိုင်စား သောက်နေသည့် ပြည်သူများက ‌တောင်ယာထဲသို့ အသွားလာပြုလုပ်ရာတွင် စိုးရိမ်နေရပြီး၊ တိုက်ပွဲပြန်ဖြစ်မည်ကိုလည်း စိုးရိမ်နေကြောင်း သိရှိရသည်။

လက်ရှိ ရှင်းလက်ဝရွာတွင် ပလက်ဝနယ်မြေခံ (၂၈၉) တပ်ရင်းနှင့် ရခိုင်ပြည်နယ် အခြေစိုက်တပ်ရင်းတို့က စစ်အင်အား ၇၀၀ ကျော် အင်အားဖြင့် ရှင်းလက်ဝရဲစခန်းနဲ့တွဲလျက် စခန်းထိုင်ကာ နေရာအနှံတွင် လုံခြုံရေးယူထားကြောင်း သတင်းရရှိသည်။

ရှင်းလက်ဝအုပ်စုသည် CDF-Paletwa တပ်ရင်း (၂) ထိန်ချုပ်နယ်မြေဖြစ်ပြီး၊ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စစ်ကောင်စီနဲ့ CDF ပလက်ဝတို့ တိုက်ပွဲ (၅)ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က (၁၆)ဦး သေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှင်းလက်ဝဒေသခံပြည်သူများအား နောက်ထပ်တိုက်ပွဲဖြစ်ပွားလျှင် ရွာလုံးကျွတ်မီးရှို့မည်ဟု ခြိမ်းခြောက်ထားသည်။

Zalen ad

နောက်ဆုံးရသတင်းများ

ရန်ကုန်လေထု ညစ်ညမ်းမှု ကမ္ဘာ့အဆင့် ၄ ရောက်၊ AQI ၁၂၀ ထိ မြင့်တက်

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ Zalen ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ တိုင်းတာချက်များအရ ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုအခြေအနေဟာ ကမ္ဘာ့အဆင့် ၄ နေရာထိ ရောက်ရှိနေတယ်လို့ လေထုအရည်အသွေးကို တိုင်းတာဖော်ပြနေတဲ့ IQAir ဝက်ဘ်ဆိုက်က ...

ဆက်ဖတ်ရန်