စစ်ကောင်စီတပ်က ရိုက်နှက်လို့ ကလေးမြို့တွင် စက်ချုပ်အမျိုးသမီးတစ်ဦးသေဆုံး

စက်တင်ဘာ ၆ရက် ၊၂၀၂၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာနေ စက်ချုပ်သမ Do Deih Huai @ မဟွဲဘွဲ့(၃၁နှစ်) ကို ပြီးခဲ့သည့် သြဂုတ်လ ၂၇ရက်နေ့ လမ်းပေါ် စစ်ဆေးရေးလုပ်နေသော စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းရင်း ရိုက်နှက်ခဲ့သောကြောင့် နားမှသွေးယိုစီးကာ အတွင်းဒဏ်ရာဖြင့် သေဆုံးသွားသည်ဟု သတင်းရရှိပါသည်။

မဟွဲဘွဲ့သည် သြဂုတ်လ ၂၇ရက်နေ့တွင် သူမ၏ အဖော်ဖြစ်သူနှင့် ကလေးမြို့ဖက် ထွက်လာခဲ့ကြပြီး မြို့အဝင်တစ်နေရာတွင် စစ်ဆေးရေးလုပ်နေသောစစ်ကောင်စီတပ်က သူမ၏အမျိုးသားသူငယ်ချင်းကို မီးသတ် CDM ဟုစွပ်စွဲကာ စတင်ကန်ကျောက် ထိုးနှက်ခဲ့ကြပြီး သူမကိုလည်း ရိုက်နှက်ခဲ့ကြသည်ဟု နီးစပ်သူများက ဆိုသည်။

“သူတို့စိတ်ကြိုက်ရိုက်နှက်ပြီးတော့ ၂ယောက်လုံးကိုပြန်လွှတ်လိုက်ပါတယ်။ ကောင်လေးလည်း တစ်ကိုယ်လုံး ထုထောင်းရာတွေနဲ့ ညိုမည်းစွဲနေတာ။ ကောင်မလေးကတော့ နားထဲကနေသွေးယိုတာ။ နောက်နေ့(သြဂုတ် ၂၈) မနက် ထမင်းစားနေတုန်း မူးတယ် မူးတယ်နဲ့ သတိလစ်သွားပြီး သတိပြန်လည်မလာတော့ဘူး။ အဲ့ဒါနဲ့ ဆေးရုံသွားတော့ ဆရာဝန်တွေက မန်းလေးဖက် သွားဖို့ပြောတာနဲ့ စက်တင်ဘာ ၄ရက်နေ့မှာ ကလေးမြို့ကနေထွက်လာကြတာ။ စက်တင်ဘာ ၅ရက်နေ့ လမ်းမှာတင် အသက်ထွက်သွားတာပါပဲ။” ဟု ဆွေမျိုးနီးစပ်သူတစ်ဦးကပြောသည်။

Zalen ad

ယခုအခါ မဟွဲဘွဲ့၏ ရုပ်အလောင်းသည် ပြည်တော်သာရွာသို့ပြန်လည်ရောက်ရှိလာခဲ့ပြီး စက်တင်ဘာ ၆ရက်နေ့ ညနေ၃နာရီခန့်တွင် ခရစ်ယာန်ထုံးတမ်းစဥ်လာနဲ့အညီပြည်တော်သာရွာ၌ပင် မြေမြှုပ်သဂြိုလ်မည်ဖြစ်ကြောင်း သိရပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက မုံရွာ-ကလေးဝ-ယာကြီးလမ်း ပြန်လည်ဖွင့်လှစ်နိုင်တော့မည်ဟု ဆို၊ တမူး-ခမ်းပါတ်-ကလေးလမ်းပိုင်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်

ဇူလိုင်  ၈၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ ဆက်သွယ်ထားတဲ့ ကလေးဝ-ယာကြီးလမ်းကို ပြန်လည်ဖွင့်လှစ်နိုင်တော့မယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန်မီဒီယာတခုဖြစ်တဲ့ MRTV ကဇူလိုင်လ ၇ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီ လမ်းပိုင်းမှာ အိန္ဒိယ-မြန်မာ နှစ်နိုင်ကုန်သွယ်ရေး ကလေး-တမူး ...

ဆက်ဖတ်ရန်