စစ်ကောင်စီက မုံရွာ-ကလေးဝ-ယာကြီးလမ်း ပြန်လည်ဖွင့်လှစ်နိုင်တော့မည်ဟု ဆို၊ တမူး-ခမ်းပါတ်-ကလေးလမ်းပိုင်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်

ဇူလိုင်  ၈၊  ၂၀၂၆

Zalen

Zalen ad

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ ဆက်သွယ်ထားတဲ့ ကလေးဝ-ယာကြီးလမ်းကို ပြန်လည်ဖွင့်လှစ်နိုင်တော့မယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန်မီဒီယာတခုဖြစ်တဲ့ MRTV ကဇူလိုင်လ ၇ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီ လမ်းပိုင်းမှာ အိန္ဒိယ-မြန်မာ နှစ်နိုင်ကုန်သွယ်ရေး ကလေး-တမူး လမ်းပိုင်းနဲ့ ဆက်သွယ်ထားပြီး အလွန်အရေးပါတဲ့ လမ်းကြောင်းတခုလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ဇွန်လ ၁၀ရက်နေ့ကနေစပြီး အဲဒီ ကလေးဝ-ယာကြီးလမ်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇူလိုင်လ ၇ရက်နေ့မှာ အပြီးသတ် ထိန်းချုပ်ပြီး ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

ကလေးဝ-ယာကြီးလမ်းပိုင်းကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇူလိုင်လ ၇ရက်နေ့ ည‌နေပိုင်းမှာ ကလေးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များနဲ့ ပူပေါင်းနိုင်ခဲ့ပြီလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာကဆိုပါတယ်။

ဒါ့အပြင် အဲဒီကလေးဝ-ယာကြီးလမ်းကို မကြာမှီအသုံးပြုနိုင်တော့မှာဖြစ်ပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုနဲ့ ဒေသအတွင်း ကုန်စည်ပို့ဆောင်ရေးဆောင်ရွက်နိုင်တော့မှာဖြစ်တယ်လို့ဆိုပါတယ်။

တဘက်မှာ အိန္ဒိယ-မြန်မာ နှစ်နိုင်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အိန္ဒိယ-မြန်မာ နယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မိုးရေးမြို့မှတဆင့် တမူး- ခမ်းပါတ်- ကလေးလမ်းကြောင်းကို စစ်ကောင်စီတပ်က အသည်းအသန် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး တိုက်ပွဲများလည်းပြင်းထန်နေဆဲ ဖြစ်ပါတယ်။

သတင်း – S-L

ဓာတ်ပုံ – လူမှုကွန်ယက်

#မုံရွာ-ကလေးဝ-ယာကြီးလမ်း  #တမူး-ခမ်းပါတ်-ကလေးလမ်း #တိုက်ပွဲပြင်းထန်ဆဲ #စစ်ကောင်စီ #Zalen

နောက်ဆုံးရသတင်းများ

မီဇိုရမ်၊ Lamsial Puk ဂူမှ လူအရိုးများဟာ အေဒီ ၁၇၂၉ မှ ၁၇၈၉ ကြားကဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ

ဇူလိုင် ၈၊ ၂၀၂၆Zalen မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင် ဖရ်းကောန် (Farkawn) ကျေးရွာအနီးရှိ Lamsial Puk ဂူအတွင်း တွေ့ရှိထားတဲ့ လူအရိုးနမူနာတခုကို သိပ္ပံနည်းကျ စစ်ဆေးခဲ့ရာ အေဒီ ၁၇၂၉ ခုနှစ်မှ ၁၇၈၉ ခုနှစ်အတွင်း ...

ဆက်ဖတ်ရန်