မင်းတပ်မြို့နယ် NLD ပါတီရုံးဆောက်မယ့်နေရာက စမ်းထွက်ဧရိယာမဟုတ်ဟု လွှတ်တော်ဒုဥက္ကဌဆို

မင်းတပ်မြို့နယ် NLD ပါတီရုံးဆောက်မယ့်နေရာက စမ်းထွက်ဧရိယာမဟုတ်ဟု လွှတ်တော်ဒုဥက္ကဌဆို

မင်းတပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးတည်ဆောက်မယ့်နေရာဟာ စမ်းထွက်ဧရိယာမဟုတ်ဘူးလို့ မင်းတပ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ လွှတ်တော်ဒုက္ကဌဖြစ်သူ ဦးတိတ်ထန်းကဆိုပါတယ်။

ဦးတိတ်ထန်းနာမည်နဲ့ မင်းတပ်မြို့ စံပြရပ်ကွက်တွင် ၀ ဒသမ ၀၆၈ ဧကကို ပါတီရုံးတည်ဆောက်ရန် မြေစာရင်း ပုံစံ (၁၀၅/၁၀၆)ရေးဆွဲခွင့်လျှောက်ထားလာတာကြောင့် မြို့နယ် ထွေအုပ်ရုံးက ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်တွင် ကြေညာထားပါတယ်။

ဦးတိတ်ထန်းက “အဲ့နေရာက စမ်းရေထွက်တယ်လို့ပြောတာက လျှောက်ပြောနေတာ။ ကန့်ကွက်တဲ့သူကလည်း အရင်ကဝန်ကြီး ဦးနိုင်နန်တို့အဖွဲ့ပဲ။ အရင်ကတော့ စမ်းရေထွက်တယ်။ အခုတော့ မထွက်တော့ဘူး။ နွေရာသီမှာဆို ခန့်ခြောက်နေတယ်။ ဘာမှမရှိတော့ဘူး။ အဲ့နားမှာလည်း တစ်ယောက်က အိမ်သာလည်းဆောက်ထားတယ်။ ပြည်နယ်က ပုံစံ ၁၀၅/၁၀၆ ရေးဆွဲခွင့်ပေးလိုက်ပြီ။ တည်ဆောက်ခွင့်ပြုမိန့်လည်း ခရိုင်ကထုတ်ပေးပြီ။ အခုတော့ ဒေသခံ အလှူရှင်တစ်ယောက်သိန်း ၅၀ လှူထားတာနဲ့ ကျောက်၊ သဲတွေစုထားတယ်။ ရုံးဆောက်ဖို့ သိန်း ၂၀၀ ကျော်ကျော်လောက်နဲ့ပဲတည်ဆောက်မယ်” လို့ပြောပါတယ်။

ဒါကြောင့် ရပ်ကွက်နေပြည်သူလူထုက ဇန်နဝါရီလ (၂၅)ရက်တွင် မြို့နယ် စီမံခန့်ခွဲမှုကော်မတီထံသို့ကန့်ကွက်စာတင်သွင်းကြပါတယ်။

၎င်းကန့်ကွက်စာထဲတွင် အဖွဲ့ချုပ်ရုံးတည်ဆောက်ဖို့လျှောက်ထားတဲ့မြေနေရာဟာ စံပြရပ်ကွက် ကွက်စိပ်(၉)နှင့် ဘဝသစ်ရပ်ကွက် ကွက်စိပ် (၇)ရှိပြည်သူလူထုသောက်သုံးသော ရေစမ်းဦးဖြစ်ကြောင်း၊ ရုံးမြေနေရာလျှောက်ထားခြင်းအား ပယ်ဖျက်ပေးပါရန်လို့ဖော်ပြထားပါတယ်။

ယင်းမြေနေရာကို မြို့နယ် စည်ပင်သာယာရေးကော်မတီကကွင်းဆင်းတွေ့ရှိချက်ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် မြို့နယ် စီမံခန့်ခွဲရေးကော်မတီသို့ တင်ပြထားပါတယ်။ ၎င်းစာထဲတွင် အဆိုပါလျှောက်ထားသည့်မြေနေရာတွင် စိမ့်စမ်းရေထွက်ဧရိယာထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ၂၀၁၇ ခုနှစ်တွင် စည်ပင်သာယာရေးကော်မတီမှ ကွင်းဆင်းတိုင်းတာခဲ့ကြောင်း၊ လျှောက်ထားသည့်မြေနေရာအောက်ဖက်နှင့်ကပ်လျက်လက်ယက်ရေတွင်း ၂ တွင်းတူးထားပြီး ရေပိုက်လိုင်း ၂ ခုဖြင့် အောက်ဖက်ပိုင်းတါင်နေထိုင်သော ပြည်သူလူထုသောက်သုံးရန်သွယ်တန်းထားသည်ကိုတွေ့ရပါသည်။ အဆိုပါမြေနေရာတွင် အဆောက်အဦးနှင့်အိမ်သာပါတွဲဘက်တည်ဆောက်လာပါက စမ်းရေမှရသည့် သောက်သုံးရေ၏ သန့်ရှင်းမှုထိခိုက်နိုင်ကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါနေရာတွင် အဆောက်အဦးဆောက်လုပ်လျှင် စိမ့်စမ်းရေထွက်ကိုထိခိုက်နိုင်ပါကြောင်းလို့ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်