AA က ၄လကျော်ကြာဖမ်းဆီးထားတဲ့ ဆလိုင်းအောင်စိုး ပြန်လည်လွတ်မြောက်

အေအေလက်နက်ကိုင်တပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံရတဲ့ ချင်းလူငယ် ဆလိုင်းအောင်စိုးဟာ ဒီဇင်ဘာလ (၁၅)ရက်နေ့က ကျန်းကျန်းမာမာနဲ့ ပလက်ဝမြို့ကိုပြန်လည်ရောက်ရှိလာတယ်လို့ သတင်းရရှိပါတယ်။

၎င်းဟာ ရန်ကုန်မြို့မှ ပလက်ဝသို့အပြန် ကျောက်တော်-ပလက်ဝကြားတွင် အေအေလက်နက်ကိုင်တပ်ဖွဲ့က ဒီနှစ် ဇူလိုင်လ ၂၉ ရက်တွင် သူငယ်ချင်း ၃ ယောက်နဲ့အတူဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ပါတယ်။ သူငယ်ချင်း ၃ ယောက်ကိုတော့ သြဂုတ်လ (၂၅)ရက် ညနေပိုင်းတွင် ပလက်ဝမြို့ကို ပြန်လည်လွတ်မြောက်လာပါတယ်။

ဆလိုင်းအောင်စိုးနဲ့ ယောက်ဖတော်စပ်သူ ဦးဝင်းလေး က ” ကျောက်တော်ကနေ စက်လှေနဲ့သွားတုန်းသူတို့ကိုဖမ်းခေါ်သွားတယ်။ ပြီးတော့သူတို့ကိုစစ်ဆေးတယ်။ သူက မြန်မာ့တပ်မတော်နဲ့အဆက်အသွယ်ရှိတယ်။ ခူမီးမီဒီယာမှာပါဝင်တယ်လို့စွပ်စွဲထားတယ်။ အခု ၂၈၉ တပ်မှာ သူ့ကို စစ်ဆေးနေတာ တစ်ညရှိပြီ။ တောထဲမှာ လက်ထိပ်ခတ်၊ ခြေချုပ်နဲ့အချုပ်ခံရတယ်။ စားရေးသောက်ရေးတော့အဆင်ပြေတယ်။ ကိုယ်ထိလက်ရောက်စော်ကားတာမရှိဘူးတဲ့။ သူအဖမ်းခံတဲ့နေရာက ကျောက်တော်နယ်ပဲ။ ပလက်ဝနဲ့ ၁၀ မိုင်လောက်ဝေးတယ်။ သူ့ကိုမျက်နှာအုပ်ပြီးခေါ်သွားတယ်။ပြီးတော့ စက်လှေစီးတယ်။ ပြန်ပေဝရောက်မှာ မျက်နှာဖုံးပြန်ချွတ်တယ်။ အဲ့မှာ သူ့အမျိုးတွေကသွားကြိုတယ်။ ဘာကြောင့် ပြန်လွတ်တာလဲမသိရဘူး”လို့ပြောပါတယ်။

ဆလိုင်းအောင်စိုးဟာ ဒီဇင်ဘာလ (၁၅)ရက် ညနေ ၂ နာရီခွဲခန့်တွင် ပလက်ဝမြို့ကို ပြန်ရောက်လာပါတယ်။

(Zawgyi)

AA က ၄လေက်ာ္ၾကာဖမ္းဆီးထားတဲ့ ဆလုိင္းေအာင္စိုး ျပန္လည္လြတ္ေျမာက္

ေအေအလက္နက္ကိုင္တပ္ဖြဲ႔ရဲ႕ ဖမ္းဆီးထိန္းသိမ္းျခင္းခံရတဲ့ ခ်င္းလူငယ္ ဆလုိင္းေအာင္စိုးဟာ ဒီဇင္ဘာလ (၁၅)ရက္ေန႔က က်န္းက်န္းမာမာနဲ႔ ပလက္ဝၿမိဳ႕ကိုျပန္လည္ေရာက္ရွိလာတယ္လို႔ သတင္းရရွိပါတယ္။

၄င္းဟာ ရန္ကုန္ၿမိဳ႕မွ ပလက္ဝသို႔အျပန္ ေက်ာက္ေတာ္-ပလက္ဝၾကားတြင္ ေအေအလက္နက္ကိုင္တပ္ဖြဲ႔က ဒီႏွစ္ ဇူလိုင္လ ၂၉ ရက္တြင္ သူငယ္ခ်င္း ၃ ေယာက္နဲ႔အတူဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ပါတယ္။ သူငယ္ခ်င္း ၃ ေယာက္ကိုေတာ့ ၾသဂုတ္လ (၂၅)ရက္ ညေနပိုင္းတြင္ ပလက္ဝၿမိဳ႕ကို ျပန္လည္လြတ္ေျမာက္လာပါတယ္။

ဆလုိင္းေအာင္စိုးနဲ႕ ေယာက္ဖေတာ္စပ္သူ ဦးဝင္းေလး က ” ေက်ာက္ေတာ္ကေန စက္ေလွနဲ႔သြားတုန္းသူတို႔ကိုဖမ္းေခၚသြားတယ္။ ၿပီးေတာ့သူတုိ႔ကိုစစ္ေဆးတယ္။ သူက ျမန္မာ့တပ္မေတာ္နဲ႔အဆက္အသြယ္ရွိတယ္။ ခူမီးမီဒီယာမွာပါဝင္တယ္လို႔စြပ္စြဲထားတယ္။ အခု ၂၈၉ တပ္မွာ သူ႔ကို စစ္ေဆးေနတာ တစ္ညရွိၿပီ။ ေတာထဲမွာ လက္ထိပ္ခတ္၊ ေျခခ်ဳပ္နဲ႔အခ်ဳပ္ခံရတယ္။ စားေရးေသာက္ေရးေတာ့အဆင္ေျပတယ္။ ကိုယ္ထိလက္ေရာက္ေစာ္ကားတာမရွိဘူးတဲ့။ သူအဖမ္းခံတဲ့ေနရာက ေက်ာက္ေတာ္နယ္ပဲ။ ပလက္ဝနဲ႔ ၁၀ မိုင္ေလာက္ေဝးတယ္။ သူ႔ကိုမ်က္ႏွာအုပ္ၿပီးေခၚသြားတယ္။ၿပီးေတာ့ စက္ေလွစီးတယ္။ ျပန္ေပဝေရာက္မွာ မ်က္ႏွာဖံုးျပန္ခၽြတ္တယ္။ အဲ့မွာ သူ႔အမ်ဳိးေတြကသြားၾကိဳတယ္။ ဘာေၾကာင့္ ျပန္လြတ္တာလဲမသိရဘူး”လို႔ေျပာပါတယ္။

ဆလုိင္းေအာင္စုိးဟာ ဒီဇင္ဘာလ (၁၅)ရက္ ညေန ၂ နာရီခြဲခန္႔တြင္ ပလက္ဝၿမိဳ႕ကို ျပန္ေရာက္လာပါတယ္။

 

 

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်