Amazon နဲ့Apple အကူအညီပေးသူများအဖြစ် ဟန်ဆောင်လိမ်လည်သူ ၆၀ ဦးကိုအိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီး

နို၀င်ဘာ ၂၃ ၊၂၀၂၅

Zalen

အမေဇုန် (Amazon) နဲ့ Apple အကူအညီပေးသူများအဖြစ် ဟန်ဆောင် လိမ်လည်သူ အယောက် ၆၀ ကို အန္ဒိယနိုင်ငံ ၊ ဂျိုင်ပူ (Jaipur) ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ India Today သတင်းစာ မှာဖော်ပြထားပါတယ်။

ဟန်ဆောင်လိမ်လည်မှုကိုကျူးလွန်တဲ့သူ‌ တွေကိုတော့ ဆိုက်ဘာလိမ်လည်မှုများအား တိုက်ဖျက်ရေး အဓိက စစ်ဆင်ရေးတစ်ခုအဖြစ် ဂျိုင်ပူ (Jaipur) ရဲတပ်ဖွဲ့က နို၀င်ဘာလ ၂၁ ရက် (သောကြာ) နေ့မှာ ဖမ်းဆီးနိုင်ခဲ့တာလို့ဆိုပါတယ်။

အဆိုပါ ဖမ်းဆီးခံရတဲ့သူတွေ နဲ့အတူ အမေရိကန် နိုင်ငံသား ထောင်ပေါင်းများစွာရဲ့ ကိုယ် ရေးကိုယ်တာ၊ဘဏ်လုပ်ငန်းဆိုင်ရာ မှတ်တမ်း များ ပါဝင်တဲ့ ဒစ်ဂျစ်တယ် မှတ်တမ်းများကို လည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုထားပါတယ်။

Malviya Nagar နဲ့Pratap Nagar ဒေသများမှာ ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးမှာ Call စင်တာ အတုနှစ်ခုကို ဝင်ရောက်စီးနင်းပြီးနောက် အမျိုးသား ၄၉ ဦးနဲ့ အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်း လူ ၆၀ ဦး ဖမ်းဆီးရမိခဲ့ပြီး Desktop Computers ၅၇ လုံး ၊ Laptop ၃ လုံး ၊ဒစ်ဂျစ်တယ်ပစ္စည်းကိရိယာအများမပြား ပါ၀င်တယ်လို့ ဖော်ပြထားပါတယ်။

သတင်း – ညီစေ

ဓာတ်ပုံ – India Today

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်မှာ ထိန်းသိမ်းခံရတဲ့ ကျောင်းသူနှစ်ဦး တပတ်ကြာထိ ပြန်မလွတ်သေး

ဒီဇင်ဘာ ၈၊ ၂၀၂၅ ။ Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အသက်မပြည့်သေးတဲ့ ကျောင်းသူ ၂ ဦးဟာ တပတ်ကြာထိ ထိန်းသိမ်းခံရပြီး ပြန်မလွတ်ပေးသေးဘဲ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ အဲဒီကျောင်းသူ ၂ ...

ဆက်ဖတ်ရန်