CDM မလုပ်တဲ့ ကလေးမြို့ ခရိုင်ပညာရေးရုံးအနီး ဗုံးပေါက်ကွဲ

ကလေးမြို့ စမ်းမြို့ရပ်ကွက်မှာရှိတဲ့ ခရိုင်ပညာရေးရုံးအနီးတွင် ဒီနေ့(မေ၅) နေ့လည် ၂ နာရီခန့်က ‌ဗုံးပေါက်ကွဲမှုဖြစ်ပွားတယ်လို့သတင်းရရှိပါတယ်။

ခရိုင်ပညာရေးရုံးဟာ စတွောမ်ဘောလုံးကွင်းအနီး အ.ထ.က ၈ ကျောင်းရှေ့မှာရှိပါတယ်။

ယင်းရုံးက ဝန်ထမ်းတွေဟာ CDM မလုပ်ကြတာကြောင့် ရုံးကို ခဲနဲ့ထုတာတွေရှိခဲ့တာကြောင့် မကြာခင်က CCTV လည်းတပ်ထားပါတယ်။

Zalen ad

စမ်းမြို့ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်မှာနေထိုင်သူတစ်ဦးက “လွန်ခဲ့တဲ့ နာရီဝက်က အသံအကျယ်ကြီးကြားရပြီး အိမ်လည်းတုန်ခါသွားတယ်။ ငလျင်လှုပ်သလိုပဲ။ ပုံးကျသံလာလို့ထင်တာ”လို့ပြောပါတယ်။

ခုချိန်မှာ စစ်ကား ၂ စီးရောက်လာပြီး လုံခြုံရေးချထားပါတယ်။ထိခိုက်ပျက်ဆီးမှုကိုတော့ မသိရသေးပါ။

နောက်ဆုံးရသတင်းများ

မြန်မာပြည်က သတ္တုတွင်းညစ်ညမ်းမှုကိစ္စ ကုလမေးခွန်းတွေကို အကြောင်းပြန်ဖို့ ထိုင်းအစိုးရကို လွှတ်တော်ကော်မတီ သတိပေး

ဇူလိုင် ၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံထဲက စည်းကမ်းမဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုတွေ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေရဲ့ မေးမြန်းချက်တွေကို အကြောင်းပြန်ပေးဖို့ ထိုင်းအစိုးရကို ...

ဆက်ဖတ်ရန်