KIA တပ်မဟာ(၉)နယ်မြေ၊ အနန့်ပါဒေသကို စစ်တပ်ကလေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်

HAK/၁၇၊အောက်တိုဘာ၊၂၀၂၃

Zalen

ကချင်ပြည်နယ်၊ ဖားကန့်မြို့ KIAတပ်မဟာ(၉)ထိန်းချုပ်နယ်မြေ ကံဆီးဒေသ(အနန့်ပါဒေသ) ဘက်ကို ယမန်နေ့ အောက်တိုဘာလ ၁၆ရက်နေ့ ညနေ ၄နာရီဝန်းကျင်ခန့်မှာ စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

“ညနေ၄နာရီလောက်လေယာဉ်နဲ့လာပြီးပစ်ခတ်မှုရှိတယ် သေဆုံးထိခိုက်မှုလည်းရှိတယ်လို့ကြားတယ်။ အသေးစိတ်ကတော့ မသိရသေးဘူး။ ကျွန်တို့လည်း စစ်ရေးတင်းမှာမှုရှိနေလို့အဲဒီဘက်ကို သိပ်မသွားရဲကြဘူး”လို့ ဒေသခံတစ်ဦးထံကသိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ရက်နေ့ကလည်း ဖားကန့်လမ်းမပေါ်မှာရှိတဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ KIA၊ PDFတို့နဲ့ထိတွေ့ပစ်ခတ်မှုများရှိခဲ့ကြောင်းလည်း ဒေသခံများပြောကြားချက်အရ သိရပါတယ်။

ယမန်နှစ် ၂၀၂၂ခုနှစ် အောက်တိုဘာ ၂၃ရက်နေ့တုန်းကလည်း KIAတပ်မဟာ(၉)နယ်မြေရှိ အနန့်ပါဒေသကိုစစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၃၀ကျော်သေဆုံးခဲ့ဖူးတာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝရဲ့ ​ဖြစ်လာနိုင်ခြေအနာဂတ်စီးပွားရေး

R.Lakher ရေးသည်။ ဒီတစ်ခေါက်တော့ နိုင်ငံရေး တော်လှန်ရေး အကြောင်းမဟုတ်ပဲ့ ပလက်ဝ ဒေသရဲ့ မကြာခင် ဖြစ်လာနိုင်ခြေ စီးပွားရေး အကြောင်းများကို သုံးသပ် ကြည့်ချင်ပါသည်။ နိုင်ငံရေးနှင့် စီးပွားရေးဟာ ခွဲလို့မရတဲ့ အတွက် နိုင်ငံရေး ဘောဂဗေဒ ...

ဆက်ဖတ်ရန်