NLDလွှတ်တော်အမတ်ရဲ့ ခင်ပွန်းကို ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်က ပုဒ်မ ၆၆(ဃ)နဲ့အမှုဖွင့်တိုင်ကြား

NLD လွှတ်တော်အမတ်ရဲ့ ခင်ပွန်းကို ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်က ပုဒ်မ ၆၆(ဃ)နဲ့အမှုဖွင့်တိုင်ကြား

ကလေးမြို့နယ် NLD ပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ရဲ့ ခင်ပွန်း ဦးစိုးသူညွှန့်ကို ကလေးခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဒေါ်သီသီအေးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ သြဂုတ်လ (၃၀)ရက်နေ့က ကလေးမြို့မရဲစခန်းမတွင်အမှုဖွင့်တိုင်ကြားထားတယ်လို့သတင်းရရှိပါတယ်။

ကလေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က “တစ်ဘက်ကစွပ်စွဲထားတဲ့ဟာတွေကတော့ သူ့အကောင့်မှာမရှိတော့ဘူး။ ဒါပေမယ့် တိုင်ချက်အသေးစိပ်တွေမသိရသေးဘူး။ ဖုန်းကတော့ CID ကစစ်မယ်ဆိုပြီး ရဲစခန်းမှာအပ်ထားခဲ့တယ်။ ရဲက ဟိုဘက်ကတိုင်ချက်နဲ့ သူ့ပို့စ်မှာရှိ၊ မရှိဆိုတာက CID ကရှာကြည့်မှာပေါ့။ သူတို့အမှုစွဲတာလည်း တော်တော်ထူတယ်။ တိုင်စာကိုတော့ ဖတ်ရတယ်။ ပူးတွဲတင်လာတဲ့ နောက်ဆက်တွဲအသေးစိပ်တွေ ကျမတို့ကရှေ့နေကတစ်ဆင့်တောင်းယူရမှာပေါ့။ ဒီတိုင်းတော့ ကြည့်လို့မရဘူးလေ။ ရဲစခန်းက ကျမတို့ကိုအကြောင်းကြားလာတယ်။ ရဲစခန်းသွားလိုက်တယ်။ တိုင်တဲ့သူရှိတယ်ဆိုရင်တော့ ကျမတို့ကဆက်သွားရမှာပေါ့။ ဒီဟာအမှုမြောက်တယ်၊ မမြောက်ဘူးဆိုတာတော့ တော်တော်ကြာစောင့်ရအုံမယ်ထင်တယ်။ စွဲထားတဲ့ပေါ်မှာ တကယ်ပဲပြစ်မှုမြောက်လာဆိုတာ CID ရဲ့အဖြေစောင့်ရအုံမယ်။ ရဲစခန်းကတော့ ကျမတို့ကိုဆက်အကြောင်းကြားလာမယ်လို့ပြောထားတယ်။ အမှုဖွင့်တဲ့သူရှိတယ်ဆိုတော့ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ရင်ဆိုင်ရမှာပေါ့” လို့ပြောပါတယ်။

အကြောင်းရင်းမှာ Soe Thu Nyut (facebook Account) ဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့ ဇေယျသီရီမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုနယ်မြေတွေ့ဆုံပွဲနှင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်းအခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးမှ “မြန်မာနိုင်ငံဆေးကောင်စီအဖွဲ့မှ သိမ်းဆည်းခဲ့သော မော်ဒယ်ဆရာဝန် နန်းမွေစံ၏ ဆမ လက်မှတ်အားမိမိတို့အာဏာရပါက ပြန်လည်ပေးအပ်မည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဌပြောကြား” ဆိုသည့်သတင်းခေါင်းစဉ်ဖြင့် သတင်းမီဒီယာတစ်ခု ရေးသားဟန်ဖြင့် အသွင်ယူအတုပြုလုပ်ကာ ၂၀၁၉ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ Soe Thu Nyut (facebook Account) တွင်တင်၍ ပြည်သူလူထုအကြားပါတီ၏ ဂုဏ်သိက္ခာညိုးနွမ်းစေခြင်းနှင့် မဟုတ်မမှန်သတင်းများရေးသားတင်နေခြင်းတို့ အားတွေ့ရှိခဲ့တယ်။

၂၀၁၉ ခုနှစ် ဇွန်လ ၃ ရက်နေ့ ရက်စွဲဖြင့်လည်း Soe Thu Nyut (facebook Account)တွင် “နိုင်ငံတော်၏ အခြေအနေမှာ အဘက်ဘက်ကယိုယွင်းလာနေပြီ” ဟု ပြည်ခိုင်ဖြိုးပါတီနှင့် သားတပည့်များ (၂၄)ပါတီမှ ကြေညာချက်ထုတ်” ဆိုသည့် အရေးအသားဖြင့် နိုင်ငံရေးပါတီ (၂၄)ပါတီ၏ပါတီပုံရိပ်နှင့် ပါတီ၏ဂုဏ်သိက္ခာညိုးနွမ်းစေအောင် လူမှုကွန်ယက်စာမျက်နှာ်အား အသုံးပြု၍ ပါတီ၏ ဂုဏ်သိက္ခာညိုးနွမ်းအောင် မဟုတ်မမှန်သတင်းများအား ရေးသားဖြန့်ချီခဲ့သူ Soe Thu Nyut (facebook Account) အား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် တိုင်စာပေးပို့တိုင်တန်းခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရားလို ဒေါ်သီသီအေးကို စက်တင်ဘာ (၁)ရက် မနက်ပိုင်းတွင် ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဖုန်းခေါ်ဆို၍မရနိုင်ပါ။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်