TikTok ကျော်ကြားမှုကနေ ထိုင်းလမ်းသန့်ရှင်းရေးသမလေး တစ်လ ဘတ် ၅၀,၀၀၀ ဝင်ငွေရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ချမ်သောင်အရပ်မှာ လမ်းသန့်ရှင်းရေးအလုပ်သမအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ထိုင်းအမျိုးသမီးငယ်ဟာ အလုပ်လုပ်ရင်း TikTok ကစားရာက နာမည်ကျော်ကြားပြီး တစ်လ ဘတ် ၅သောင်း အထိ အပိုဝင်ငွေရရှိနေတယ်လို့ The Straits Times က ဖော်ပြသွားပါတယ်။

အသက် ၂၇ နှစ်ရှိပြီဖြစ်ပြီး ၉ နှစ်နဲ့ ၆ နှစ်အရွယ် သားနှစ်ဦးလည်းရှိတဲ့ ပက်တာရာမွန်သိုချာရိုအန်ဆိုတဲ့ လမ်းသန့်ရှင်းရေးအလုပ်သမားဟာ ညစ်ညစ်ပတ်ပတ်အလုပ်တွေလုပ်ရပေမယ့် မိတ်ကပ်၊ နှုတ်ခမ်းနီအမြဲလိမ်းခြယ်ပြီး လှလှပပပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ရင်း TikTok မှာ တင်ရာက ထိုင်းနိုင်ငံရဲ့ အလှဆုံးလမ်းသန့်ရှင်းရေးသမလေး Bow အဖြစ် လူသိများကျော်ကြားလာပါတယ်။

 TikTok Folllowers ၃ သိန်းကျော်ရှိပြီး အပေါက်ဆုံး ဗီဒီယိုဆိုရင် ကြည့်ရှုသူပေါင်း ၃ . ၇ သန်းအထိရှိခဲ့တာကြောင့် အစိုးရဆီက တစ်လ လစာ ဘတ် ၁၂၀၀၀ သာရပေမယ့် ကုန်ပစ္စည်းကြော်ငြာတွေ၊ ရောင်းကုန်တွေ၊ အမှတ်တံဆိပ် Review လုပ်မှုတွေ၊ TikTok Gifts တွေ၊Follower တွေပေးတဲ့ ငွေနဲ့လက်ဆောင်တွေကနေ တစ်လမှာ ဘတ် ၅သောင်း အထိ ရရှိနေနိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တမ်းတွေအရ ထိုင်းနိုင်ငံမှာ TikTok အသုံးပြုသူ ၄၁ သန်းရှိပြီး လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ လူမှုကွန်ရက်တွေကို နေ့စဉ်အသုံးပြုနေကြတယ်လို့ သိရှိရပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

Trump အစိုးရက ဒေါ်လာ ၃၆၈ သန်းတန် ပင်လယ်ရေအောက် စောင့်ကြည့်ရေးစနစ်ကြီးဖျက်သိမ်းမည်

ဇွန် ၂၊ ၂၀၂၆ Zalen အမေရိကန်သမ္မတ Donald Trump အစိုးရက ဒေါ်လာ ၃၆၈ သန်းကုန်ကျခံပြီး တည်ဆောက်ထားသည့် သမုဒ္ဒရာအောက် စောင့်ကြည့်ရေးစနစ်ကြီးကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ခြင်းသည် ကမ္ဘာ့ရာသီဥတု သုတေသနလောကအတွင်း စိုးရိမ်မှုများ မြင့်တက်စေခဲ့ကြောင်း ...

ဆက်ဖတ်ရန်