TNLA ကို တိုက်ပွဲတွေ ရပ်ဖို့ တရုတ်သတိပေး

၃၀၊ ဩဂုတ်၊ ၂၀၂၄

Zalen

တအာင်းလွတ်မြောက်ရေးတပ် (TNLA) ကို တိုက်ပွဲတွေ ချက်ချင်းရပ်တန့်ဖို့ တရုတ်ဘက်က သတိပေးလိုက်ပါတယ်။

အပစ်မရပ်ရင် တရုတ်ဘက်က သွန်သင်ဆုံးမမယ့် နည်းလမ်းတွေကို ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး ဖြစ်ပေါ်တဲ့ အကျိုးဆက်တွေကို တာဝန်ယူရမယ်လို့ ဩဂုတ် ၂၉ ရက်စွဲနဲ့ ရွှေလီမြို့ လုံခြုံရေးကော်မတီက ပေးတာ ဖြစ်ပါတယ်။

Zalen ad

မြန်မာ- တရုတ် နယ်စပ်မှာ တရုတ်စစ်တပ်က သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုကာလအတွင်း အခုလို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှု ပြီးဆုံးတော့မှာဖြစ်ပြီး တအာင်းတပ်ဘက်က တိုက်ပွဲတွေကို ချက်ချင်းအပစ်ရပ်ကာ မြန်မာမြောက်ပိုင်းနဲ့ တရုတ်-မြန်မာနယ်စပ်ဒေသတွေမှာ အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းရန် တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မျှော်လင့်ကြောင်း တရုတ်ဘက်က ပေးပို့တဲ့စာထဲမှာ ဖော်ပြထားပါတယ်။

နယ်စပ်ဒေသက တရုတ်နိုင်ငံသားတွေသာမကဘဲ မြန်မာပြည်တွင်းက တရုတ်နိုင်ငံသားတွေ နဲ့ တရုတ်လုပ်ငန်းတွေရဲ့လုံခြုံမှုကိုပါ အာမခံပေးဖို့ တရုတ်ဘက်ကတောင်းဆိုထားပါတယ်။

တရုတ်နယ်စပ် တည်ငြိမ်အေးချမ်းရေးနဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသက်၊ ပစ္စည်းဥစ္စာလုံခြုံရေးကို ထိခိုက်စေမယ့် အန္တရာယ်ရှိတဲ့ စစ်ရေးအပြုအမူတွေကို ပပျောက်အောင် ဆောင်ရွက်ရမယ်လို့ တရုတ်က ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီပြီး သင့်တော်တဲ့ တရားဝင်အခွင့်အရေးတွေ၊ အကျိုးစီးပွားတွေကို ရအောင် ကူညီပေးမယ်လို့ တရုတ်ကပေးပို့တဲ့စာမှာ ပါရှိပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CDF-Zophei ဆို

ဧပြီလ ၁၇၊ ၂၀၂၆ Zalen စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန် တိုက်ပွဲဝင်ရန် CDF-Zophei ကို တည်ထောင်ခဲ့ရာ ၂၀၂၆၊ ဧပြီလ(၁၆)ရက် တွင် (၅)နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး ရှေ့လျှောက် ...

ဆက်ဖတ်ရန်