UFC ဒုတိယမြောက်ပွဲစဉ်အတွက် အဆင်သင့် ဖြစ်နေပြီဖြစ်တဲ့ Joshua Van

Grace/၂၄၊ အောက်တိုဘာ ၂၀၂၃။

Zalen

ချင်းဖိုက်တာ Joshua Van ကတော့ နိုဝင်ဘာလ ၁၁ရက်နေ့မှာ ကျင်းပမဲ့ UFC-295 ပွဲစဉ်မှာ ထိုးသတ်ရတော့မှာ ဖြစ်ပါတယ်။ ဒီပွဲကို အမေရိကန်နိုင်ငံ နယူးယောက်မြို့က Madison Square Garden ကွင်းကြီးထဲမှာ ကျင်းပမှာဖြစ်ပြီး ဖိုက်တာတချို့ ထိုးခွင့်ရဖို့ အိမ်မက် မက်ရတဲ့ ကွင်းကြီးမှာ Joshua Van ရဲ့ UFC ဒုတိ ယမြောက်ပွဲကို ထည့်သွင်း ပေးထားတာပဲ ဖြစ်ပါတယ်။

Joshua Van ဟာ မြန်မာပြည်မှ UFCတွင် ပထမ ဦးဆုံး ထိုးသတ် ခွင့်ရတဲ့ကစား သမားလည်းဖြစ်ပါတယ်။ Joshua Van ဟာပရော်ဖက်ရှင်နယ်ပွဲ ၈ ပွဲထိုးသတ် ထားပြီး ၇ပွဲနိုင် ၁ ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားသလို Fury FC မှာလည်း flyweight ချန်ပီယံခါး ပတ်သိမ်း ထား နိုင်သူဖြစ်ပါတယ်။ Joshua Van ဟာအသက် ၂၂ သာ ရှိသေးပြီး UFC ရဲ့ Flyweight ချန်ပီယံကိုင်မြှောက် နိုင်ရန် အပြင်းအထန် လေ့ကျင့်နေပါတယ်။

၎င်းရဲ့ UFC ပထမဆုံးပွဲအဖြစ် ကာဇက်စ်တန်နိုင်ငံသား Zhalgas Zhumagulov နဲ့ ၂၀၂၃ ဇွန်လ၂၄ တုန်းကထိုးသတ် ထားတာဖြစ်ပြီးအမှတ်အဆုံးအဖြတ်နဲ့အနိုင်ရထားပါတယ်။ အခု ဒုတိယမြောက် ပွဲအဖြစ် ပီရူးနိုင်ငံသား Kevin Borjas နဲ့ထိုး သတ်ရမှာဖြစ်ပြီးဒီတစ်ခါမှာတော့ မြန်မာအလံခြုံခွင့် ရတော့မှာဖြစ်ပါတယ် ။ Kevin Borjas က UFC မှာပထမဆုံးထိုးသတ်ရမှာဖြစ်ပေမယ့် ၎င်းတို့ရဲ့ပွဲစဉ်ကို သမိုင်းဝင် Madison Square Garden ကွင်းကြီးမှာကျင်းပမဲ့ UFC-295 လို ပွဲကြီးမျိုးမှာ ထည့်သွင်းပေး ထား ပါတယ်။

UFC 295 ရဲ့အဓိကပွဲစဉ်ကြီးအဖြစ် Heavy Weight ချန်ပီယံဟောင်းဖြစ်တဲ့ Stipe Miocic နဲ့ လက်ရှိ ချန်ပီယံကြီး John Jones တို့ထိုးသတ်ရမှာဖြစ်ပါတယ်။ဆိုတော့ Joshua Van တစ်ယောက်Madison Square Garden ကွင်းကြီးထဲက ပရိတ်သတ်တွေရဲ့ရှေ့မှာ ဘယ်လိုအကောင်းဆုံး ကြိုးစားသွားမလဲ ဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်