ZRA က CDF Tonzang စခန်းကို ဒုတိယအကြိမ်ဝင်တိုက်ပြီး ရဲဘော်တစ်ဦးကျဆုံး

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် တစ်နေရာတွင်အခြေစိုက်တဲ့ CDF Tonzang အမှတ် ၂ စခန်းကို မနေ့ စက်တင်ဘာ ၁၀ ရက် မနက် ၉ နာရီဝန်းကျင်တွင် ZRA က ဒုတိယအကြိမ်ဝင်ရောက်တိုက်ခိုက်ရာ CDF Tonzang ရဲဘော် ဦးမန်ကပ်ထန် ကျဆုံးတယ်လို့ သိရတယ်။

အဆိုပါတိုက်ပွဲတွင် ဆွေမျိုးတော် ZRA များသည် ဒဏ်ရာများစွာရရှိကာအထိနာသဖြင့် လုံတပ်ရွာဘက်တွင် ဆုတ်ခွာကြပြီး လုံတပ်ရွာပြည်သူလူထု၏ ဆိုင်ကယ်ခုနှစ်စီးလုယူကြကာ ထွက်ပြေးသွားကြတယ်လို့ CDF Tonzang ကထုတ်ပြန်ထားတယ်။ ဒါကြောင့် လုံတပ်ရွာသားများ ထွက်ပြေးတိမ်းရှောင်ကြပါတယ်။

ဩဂုတ် ၃၁ ရက် နေ့လည်ပိုင်းတွင်လည်း CDF Tonzang ရဲ့ ယာယီစခန်းကို ZRA ကဝင်ရောက်တိုက်ခိုက်လို့ CDF Tonzang တပ်ဖွဲ့ တပ်သား ပေါင်ကပ်ထန် ကျဆုံးတဲ့အပြင် လက်နက်အချို့ဆုံးရှုံးသွားတယ်လို့သိရတယ်။

နောက်ဆုံးရသတင်းများ

(၉၈) ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ One Battle After Another က အကောင်းဆုံးဇာတ်ကားဆု အပါအဝင် ထိပ်တန်းဆုတွေသိမ်းပိုက်

မတ် ၁၆၊ ၂၀၂၆Zalen အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Dolby Theatre မှာ ကမ္ဘာ့ရုပ်ရှင်လောကရဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုဖြစ်တဲ့ (၉၈) ကြိမ်မြောက် အော်စကာဆုနှင်းသဘင်အခမ်းအနား (98th Academy Awards) ကို မြန်မာစံတော်ချိန် ဒီနေ့ မနက်မှာ ...

ဆက်ဖတ်ရန်