ZRA က CDF Tonzang စခန်းကို ဒုတိယအကြိမ်ဝင်တိုက်ပြီး ရဲဘော်တစ်ဦးကျဆုံး

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် တစ်နေရာတွင်အခြေစိုက်တဲ့ CDF Tonzang အမှတ် ၂ စခန်းကို မနေ့ စက်တင်ဘာ ၁၀ ရက် မနက် ၉ နာရီဝန်းကျင်တွင် ZRA က ဒုတိယအကြိမ်ဝင်ရောက်တိုက်ခိုက်ရာ CDF Tonzang ရဲဘော် ဦးမန်ကပ်ထန် ကျဆုံးတယ်လို့ သိရတယ်။

အဆိုပါတိုက်ပွဲတွင် ဆွေမျိုးတော် ZRA များသည် ဒဏ်ရာများစွာရရှိကာအထိနာသဖြင့် လုံတပ်ရွာဘက်တွင် ဆုတ်ခွာကြပြီး လုံတပ်ရွာပြည်သူလူထု၏ ဆိုင်ကယ်ခုနှစ်စီးလုယူကြကာ ထွက်ပြေးသွားကြတယ်လို့ CDF Tonzang ကထုတ်ပြန်ထားတယ်။ ဒါကြောင့် လုံတပ်ရွာသားများ ထွက်ပြေးတိမ်းရှောင်ကြပါတယ်။

ဩဂုတ် ၃၁ ရက် နေ့လည်ပိုင်းတွင်လည်း CDF Tonzang ရဲ့ ယာယီစခန်းကို ZRA ကဝင်ရောက်တိုက်ခိုက်လို့ CDF Tonzang တပ်ဖွဲ့ တပ်သား ပေါင်ကပ်ထန် ကျဆုံးတဲ့အပြင် လက်နက်အချို့ဆုံးရှုံးသွားတယ်လို့သိရတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်