ကန်နိုင်ငံမှာ လေဆင်နှာမောင်းတိုက်ခတ်လို့ ချင်းတိုင်းရင်းသားနေအိမ်(၉)လုံးပျက်စီး

အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ် Marshall မြို့မှာ ဇူလိုင်(၁၉)ရက် ညနေ ငါးနာရီခန့်ကစပြီး လေဆင်နှာမောင်းတိုက်ခတ်လို့ လူနေအိမ်အတော်များများပျက်စီးသွားပါတယ်။ ၎င်းတို့ထဲမှာ ချင်းတိုင်းရင်းသားတွေရဲ့ နေအိမ်(၉)လုံး၊ ကား(၁၀)စီးနဲ့ ဘုရားကျောင်းလည်းပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သတင်းရရှိထားပါတယ်။

ဒါကြောင့် အစိုးရက အရေးပေါ်ဧရိယာအနေနဲ့ကြေညာထားပြီး ဒဏ်ရာရရှိသူတွေကို ဆေးရုံးသို့ပို့ထားကြပါတယ်။

Marshall မြို့မှာရှိတဲ့ CBCM ဘုရားကျောင်းက သိက္ခတော်ရဆရာတော် ထောင်းကမ်က “တခြားနေရာတွေထက် ကျနော်တို့နေအိမ်တွေအပျက်အစီးနည်းပါးပါတယ်။ ဒဏ်ရာရထားတဲ့သူလည်းမရှိပါဘူး”လို့ပြောပါတယ်။

လေဆင်နှာမောင်းကြောင့်အပျက်အစီးတွေကို ဒီနေရာမှာ ဗီဒီယိုဖိုင်ကြည့်နိုင်ပါတယ်။ https://www.facebook.com/khup.no.581/videos/pcb.676460939359974/676455106027224/?type=3&theater

Zalen ad

နောက်ဆုံးရသတင်းများ

ပင်တဂွန်က လျှို့ဝှက် UFO ဖိုင် ၁၆၀ ကျော် ထုတ်ပြန် ၊ ဂြိုဟ်သားအမှန်တကယ်ရှိနေပြီလားဆိုတာ ကမ္ဘာတဝန်း လူစိတ်ဝင်စားမှုမြှင့်တက်လျက်ရှိ

မေ ၉၊ ၂၀၂၆ Zalen နှစ်ပေါင်းများစွာ လူတွေကြား ထင်မြင်ချက်အမျိုးမျိုးနဲ့ ပြောဆိုနေကြတဲ့ UFO အကြောင်းကို အမေရိကန် ပင်တဂွန်ဘက်က တိတ်တဆိတ်မနေတော့ဘဲ စာရွက်စာတမ်း ၁၆၀ ကျော်ကို မနေ့က မေ ၈ရက်နေ့မှာ တရားဝင် ...

ဆက်ဖတ်ရန်