ကန်ပက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်သား အလောင်း ၄ လောင်းတွေ့ရှိ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် မဆာတွီရွာနဲ့ သစ်မြစ်ရေစမ်းရွာအကြားလမ်းဘေးမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၄ ယောက်ရဲ့ အလောင်းကို မနေ့ အောက်တိုဘာ ၆ ရက်နေ့က တွေ့ရှိတယ်လို့ဒေသခံတွေထံမှသတင်းရရှိပါတယ်။

ယင်းနေရာဟာ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကနေ မကွေးတိုင်း ဆောမြို့နယ် လောင်းရှည်ရွာကြားမှာတည်ရှိပြီး စက်တင်ဘာလကုန်တွင် ယင်းနေရာတဝိုက်မှာ CDF ကန်ပက်လက်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒေသခံတစ်ဦးက “အလောင်းက အောက်တိုဘာ ၂ ရက်နေ့လောက်က သေဆုံးကြတဲ့ဟန်တူတယ်။ သေဆုံးပုံကတော့ သူတို့ပစ်တဲ့လက်နက်ကြီး မတော်တဆပြန်ထိတာလာ၊ စစ်သားအချင်းချင်းပြန်သတ်ကြတာ လာ တခုခုဖြစ်မယ်” လို့ပြောပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ကနေ ၄ ရက်နေ့ထိကျင်ဒွေးရွာကနေ လောင်းရှည်ရွာသို့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ ပြန်သွားစဉ် လမ်းတလျှောက်မှာ လက်နက်ကြီးတွေ အကြောင်းမဲ့ပစ်ကြပြီး ပြည်သူပိုင် ပစ္စည်းတွေခိုးယူကြပါတယ်။

ဒါ့ပြင် မောချောင်းရွာက ဆိုင်တစ်ဆိုင်ကိုဖောက်ပြီးပစ္စည်းတွေခိုးယူသွားကြပါတယ်။ ကျေးရွာအတွင်းက ဆန် ၁အိတ်၊ ဆိုလာပြား ၁လုံးခိုးယူသွားပြီး ဆိတ် ၄ ကောင်နဲ့ ကြက်တွေသတ်ဖြတ်စားသောက်ကြပါတယ်။ ယင်းနေရာတဝိုက်ဟာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းမရရှိပါ။

Zawgyi

ကန္ပက္လက္ၿမိဳ႕နယ္တြင္ အၾကမ္းဖက္စစ္သား အေလာင္း ၄ ေလာင္းေတြ႔ရွိ

ခ်င္းျပည္နယ္၊ ကန္ပက္လက္ၿမိဳ႕နယ္ မဆာတြီရြာနဲ႔ သစ္ျမစ္ေရစမ္းရြာအၾကားလမ္းေဘးမွာ အၾကမ္းဖက္ စစ္ေကာင္စီတပ္သား ၄ ေယာက္ရဲ႕ အေလာင္းကို မေန႔ ေအာက္တိုဘာ ၆ ရက္ေန႔က ေတြ႔ရွိတယ္လုိ႔ေဒသခံေတြထံမွသတင္းရရွိပါတယ္။

ယင္းေနရာဟာ ကန္ပက္လက္ၿမိဳ႕နယ္ က်င္ေဒြးၿမိဳ႕ကေန မေကြးတုိင္း ေဆာၿမိဳ႕နယ္ ေလာင္းရွည္ရြာၾကားမွာတည္ရွိၿပီး စက္တင္ဘာလကုန္တြင္ ယင္းေနရာတဝိုက္မွာ CDF ကန္ပက္လက္နဲ႔ အၾကမ္းဖက္စစ္ေကာင္စီတပ္တို႔တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။

ေဒသခံတစ္ဦးက “အေလာင္းက ေအာက္တိုဘာ ၂ ရက္ေန႔ေလာက္က ေသဆံုးၾကတဲ့ဟန္တူတယ္။ ေသဆံုးပံုကေတာ့ သူတို႔ပစ္တဲ့လက္နက္ၾကီး မေတာ္တဆျပန္ထိတာလာ၊ စစ္သားအခ်င္းခ်င္းျပန္သတ္ၾကတာ လာ တခုခုျဖစ္မယ္” လို႔ေျပာပါတယ္။

ေအာက္တိုဘာ ၁ ရက္ေန႔ကေန ၄ ရက္ေန႔ထိက်င္ေဒြးရြာကေန ေလာင္းရွည္ရြာသုိ႔ အၾကမ္းဖက္ စစ္ေကာင္စီတပ္တို႔ ျပန္သြားစဥ္ လမ္းတေလွ်ာက္မွာ လက္နက္ၾကီးေတြ အေၾကာင္းမဲ့ပစ္ၾကၿပီး ျပည္သူပိုင္ ပစၥည္းေတြခိုးယူၾကပါတယ္။

ဒါ့ျပင္ ေမာေခ်ာင္းရြာက ဆုိင္တစ္ဆုိင္ကိုေဖာက္ၿပီးပစၥည္းေတြခုိးယူသြားၾကပါတယ္။ ေက်းရြာအတြင္းက ဆန္ ၁အိတ္၊ ဆိုလာျပား ၁လံုးခိုးယူသြားၿပီး ဆိတ္ ၄ ေကာင္နဲ႔ ၾကက္ေတြသတ္ျဖတ္စားေသာက္ၾကပါတယ္။ ယင္းေနရာတဝိုက္ဟာ ဖုန္းလုိင္း၊ အင္တာနက္လုိင္းမရရွိပါ။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်