ကန်ပက်လက်မြို့နယ်မှာ လူ ၁၅၀ ကျော် ရာသီတုပ်ကွေးဖြစ်

ဇွန်လ ၂၉ ရက်၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတွေမှာ ရာသီတုပ်ကွေးဖြစ်လို့ လူ ၁၅၀ ကျော် ဖျားနာနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ ကျေးရွာတွေဟာ မကြားကျေးရွာ၊ ခေးလောင်းကျေးရွာ၊ မရွှီကျေးရွာနဲ့ ဆော်လောင်းကျေးရွာတို့မှာ အများဆုံးဖြစ်ပြီး တခြားကျေးရွာတွေမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

“တုပ်ကွေးဖြစ်တာက ရွာတိုင်းလိုလိုပါဘဲ။ အန်လိုက်၊ အဖျားတက်လိုက်၊ ပြန်ကောင်းလိုက်နဲ့ အခုရက်ပိုင်း ပိုဆိုးလာတယ်။”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ကန်ပက်လက်မြို့နယ်မှာ ယခင်က ရာသီတုတ်ကွေးဖြစ်ပေမယ့် ယခုလိုမျိုး အစုလိုက်၊ အပြုံလိုက် ဖြစ်ပွားခဲ့ခြင်း မရှိသေးဘူးလို့ ၎င်းက ဆိုပါတယ်။

ရာသီတုတ်ကွေးဖြစ်တဲ့ ကျေးရွာတွေကို ပြည်သူ့ကျန်းမာရေးအဖွဲ့က လာရောက် ဆေးကုသပေးခဲ့ပေမယ့် လတ်တလောမှာ လူနာတွေများလာကြောင့် ဆေးပြတ်နေတယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့က ကျန်းမာရေးအဖွဲ့တွေက လာကြည့်ပေးသွားတယ်။ လူနာက အရမ်းများတော့ ဆေးတော့မလောက်ဘူးလေ။ အခုဆေးပြတ်သွားတယ်လို့ ပြောတယ်။”လို့ ဆိုပါတယ်။

ရာသီတုပ်ကွေးကြောင့် သေဆုံးတဲ့ လူနာတွေ မရှိသေးပေမယ့်လည်း ဖြစ်ပွားနှုန်းဟာ မြင့်တက်နေတယ်လို့ သိရပါတယ်။

ကန်ပက်လက်မြို့မှာလည်း ဆေးဝါးတွေပြတ်လစ်နေတာကြောင့်နဲ့ တခြားမြို့တွေလည်း ဆေးဝယ်ယူဖို့ လမ်းကြောင်းတွေ မလွယ်ကူဘဲ ခက်ခဲနေတယ်လို့ သိရပါတယ်။

အလားတူ မင်းတပ်မြို့နယ်မှာလည်း ဝမ်းပျက်၊ ဝမ်းလျှောဖြစ်လို့ ယနေ့ထိ လူသေဆုံးမူ ရှိနေသေးတယ်လို့ သိရပါတယ်။

လက်ရှိ ချင်းပြည်နယ်တောင်းပိုင်း ပလက်ဝ၊ မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက် စတဲ့ မြို့နယ်တွေ ငှက်ဖျားရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျှော၊ တုပ်ကွေးတွေဖြစ်လို့ ကျန်းမာရေးအကူညီလိုအပ်လျက်ရှိပါတယ်။

သတင်း – အိုက်လင်း

နောက်ဆုံးရသတင်းများ

တလန်ဇာန်ကျေးရွာ လေကြောင်း တိုက်ခိုက်မှုဟာ တော်လှန်ရေးသမားများလုပ်ခဲ့တာဆိုတဲ့ သတင်းအမှား

Zalen မတ်လ ၂၁ ရက်၊ ၂၀၂၅ ခုနှစ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တလန်ဇာန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနဲ့ အဆောက်အအုံတွေ ပျက်စီးတာကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးဖြင့်ပစ်ခတ်တာလို့ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိလျက်ရှိဆိုတဲ့ သတင်းကို ...

ဆက်ဖတ်ရန်