ကမ္ဘာ့ဘဏ်က မိခင်ဘာသာစကားသင်ကြားရေးကိုကူညီဖို့ကွင်းဆင်းလေ့လာ

တိုင်းရင်းသားဘာသာစကားသင်ကြားရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က ကူညီထောက်ပံ့ဖို့ ချင်းပြည်နယ်မှာ ကွင်းဆင်းလေ့လာနေတယ်လို့ သတင်းရရှိပါတယ်။

သြဂုတ်လ(၁၅)ရက်မှာ ကလေးမြို့ GBH ဟိုတယ်မှာ ဇိုစာပေတွေနဲ့ ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးကြပါတယ်။

၎င်းတို့ဟာ ကန်ပက်လက်၊ မင်းတပ်၊ မတူပီမြို့တွေမှာ ကွင်းဆင်းလေ့လာခဲ့ပြီဖြစ်ပါတယ်။ ဆက်လက်ပြီး ဖလမ်း၊ ဟားခါးမြို့ဘက်လည်း ဆက်သွားမယ်လို့သိရပါတယ်။

ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံသူ CNRWG(ချင်းတောင်သဘာဝစောင့်ကြည့်ရေးအဖွ့ဲ)မှ ကိုလျန်သွောလ်က “သူတို့က မြန်မာတစ်နိုင်ငံလုံးက မိခင်ဘာသာစကားသင်ကြားတဲ့ ကလေး သုံးသိန်းကိုကူညီဖို့ရည်မှန်းထားတယ်။ ဒါပေမယ့် ဘယ်လိုကူညီမလဲဆိုတာ အခုကွင်းဆင်းလေ့လာနေတာဖြစ်တယ်။ ဒီနေ့ဇိုစာပေအဖွဲ့နဲ့တွေ့တဲ့ချိန်မှာတော့ မိခင်ဘာသာစကားသင်ရိုးကိုအသစ်ပြန်ရေးဆွဲချင်တယ်လို့ပြောတယ်။ ပြီးတော့တခြား ဘဏ္ဍာရေးအခက်အခဲတွေလည်းပြောတယ်”လို့ဆိုပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂတို့ တောင်းဆို

မေ ၂၊ ၂၀၂၆Zalen နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နဲ့ ကုလသမဂ္ဂ တို့က တောင်းဆိုလိုက်ပါတယ်။ အဲဒီတောင်းဆိုမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ထွက်ပေါ်လာတာပါ။ ...

ဆက်ဖတ်ရန်