ကလေးဖြည့်စွက်စာ နို့မှုန့်အချို့ ပြန်လည်သိမ်းဆည်းမှုများဖြစ်ပေါ်နေ

ဇန်နဝါရီ ၃၀၊ ၂၀၂၆။

Zalen

Zalen ad

လက်တလောတွင် ဥရောပနဲ့ အာရှအပါအဝင် ကမ္ဘာတဝန်းမှာ ကလေးဖြည့်စွက်စာ နို့မှုန့်များနဲ့ ပတ်သက်ပြီး စိုးရိမ်ချက်များ မြင့်တက်လာနေပြီး နာမည်ကြီး ကုမ္ပဏီများမှ ထုတ်လုပ်တဲ့ နို့မှုန့်အချို့ကို ပြန်လည်သိမ်းဆည်းခြင်းများ ဆက်တိုက် ပြုလုပ်လာနေတယ်လို့ နိုင်ငံတကာသတင်းဖော်ပြချက်များအရ သိရှိရပါတယ်။

ပြင်သစ်အခြေစိုက် Danone ကုမ္ပဏီရဲ့ Aptamil ကလေးနို့မှုန့် အချို့တွင် Bacillus cereus ဘက်တီးရီးယားမှ ထုတ်လုပ်နိုင်တဲ့ cereulide အဆိပ်ပါဝင်နိုင်ခြေရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့သဖြင့် ဂျာမနီ၊ ယူကေ အပါအဝင် ဥရောပနိုင်ငံများတွင် အဆိုပါနို့မှုန့်များကို ပြန်လည်သိမ်းဆည်းခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှ ကလေးငယ် သေဆုံးမှုအချို့နဲ့ ဆက်စပ်နိုင်ခြေရှိတယ်လို့ သံသယဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာ အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါတယ်။

cereulide အဆိပ်ပါတဲ့ နို့မှုန့်ကို သောက်သုံးမိပါက ကလေးငယ်များ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးပညာရှင်များက သတိပေးထားပါတယ်။

ဒါ့အပြင် စင်ကာပူမှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ရက်နေ့က  Nestlé နဲ Dumex အမှတ်တံဆိပ် ကလေးဖြည့်စွက်စာ ငါးမျိုးတွင်လည်း cereulide အဆိပ်ပါဝင်နိုင်ခြေရှိတာကြောင့် စျေးကွက်မှာ ရောင်းချမှုရပ်နားဖို့ ကလေးတွေကိုမတိုက်ကျွေးဖို့ စင်ကာပူ အစားသောက်အေဂျင်ဆီက ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ တံဆိပ်များဖြစ်သော Nestlé၊ NAN HA1 ၊ Supreme Pro၊ Dumex ၊ Dulac 1 စတဲ့ ကလေးဖြည့်စွက်စာများကို အစားအသောက်အာဏာပိုင်အဖွဲ့ဖြစ်သော Singapore Food Agency (SFA)က ပြန်သိမ်းဆည်းနေပါတယ်။

အဆိုပါဖြစ်ရပ်များနဲ့ ဆက်စပ်ပြီး La Marque En Moins ကဲ့သို့သော ဥရောပထုတ် ကလေးနို့မှုန့် အမှတ်တံဆိပ်များလည်း ကြိုတင်ကာကွယ်ရေးအနေဖြင့် ထုတ်လုပ်ခဲ့ပြီးသော ထုတ်ကုန်အချို့ကို ပြန်လည်သိမ်းဆည်းခဲ့ကြပါတယ်။

ကျန်းမာရေးအာဏာပိုင်များက မိဘများအနေဖြင့် ကလေးနို့မှုန့် ထုပ်ပိုးပေါ်ပါရှိတဲ့ batch number နဲ့ expiry dateအား စစ်ဆေးကြရန်နဲ့ ပြန်လည်သိမ်းယူဖို့ ကြေညာထားသော ထုတ်ကုန်များကို အသုံးမပြုကြရန် အသိပေးထားပါတယ်။

အဆိုပါ cereulide အဆိပ်ကို စားသုံးသောက်သုံးမိပါတဲ့ ကလေးငယ်များမှာ မအီမသာဖြစ်ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အားနည်းခြင်း စတဲ့ လက္ခဏာများ တွေ့ရှိပါက ဆရာဝန်ထံ ချက်ချင်း သွားရောက်စစ်ဆေးရန် အထူးသတိပေးထားပါတယ်။

လက်ရှိအချိန်အထိ ပြန်လည်သိမ်းဆည်းမှုများမှာ ထုတ်ကုန်အချို့ကိုသာ ကန့်သတ်လုပ်ဆောင်ခြင်းဖြစ်ပြီး၊ စျေးကွက်ရှိ နို့မှုန့်အားလုံး အန္တရာယ်ရှိတယ်လို့ မဆိုလိုကြောင်း ထုတ်လုပ်သူများနှင့် အာဏာပိုင်များက ထုတ်ပြန်ထားပါတယ်။

Mai NwayOo

ကိုးကား-နိုင်ငံတကာသတင်းများ

ဓာတ်ပုံ-လူမှုကွန်ယက်

#ကလေးဖြည့်စွက်စာ #နို့မှုန့်#Zalen

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်