ကလေးမြို့တွင်စစ်တပ်ထောက်ခံတဲ့နေအိမ်ကို ပျူစောထီးတွေကဓားမြတိုက်တာကြောင့် ဒကစမှူးမှ ခေါ်ရိုက်

HAK

၂၆၊ စက်တင်ဘာ၊၂၀၂၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်ရှိ စစ်တပ်ထောက်ခံတဲ့အိမ်တွေကို ပြီးခဲ့တဲ့ အပတ်က ပျူစောထီးအဖွဲ့ဓားမြတိုက်တာကြောင့် ဒကစမှူး အောင်နိုင်ဦးကခေါပြီး ပါးရိုက်ခဲ့တယ်လို့ စစ်တပ်အသိုင်းဝိုင်းထံမှသိရှိရတယ်။

စစ်တပ်နဲ့ရင်းနှီးတဲ့အမည်မဖော်လိုသူတစ်ဦးက ”ညောင်ပင်သာ အမှတ် (၁၁) နားဂိတ်က ပျူတွေ ဟိုနေ့က ဒကစထဲ ခေါ်ပီး အကုန်နီးပါးရိုက်ခံရတယ်။ သေနတ်တွေလည်း သိမ်းခံထားတယ်။ သူတို့လူ အချင်းချင်း အိမ်ကို ဓားပြတိုက်ခံရတာကနေ စခတွေကလာပြီးပျူတွေခေါ်သွားတာ”လို့ပြောပါတယ်။

Zalen ad
ဒကစမှူး အောင်နိုင်ဦးနဲ့ ဇနီး

ကလေးမြို့အတွင်း လက်နက်ပြ ဓားပြတိုက်မှုကို ဒကစမှူးကိုယ်တိုင်က ပျူစောထီးတွေကို ခွင့်ပြုထားတယ်လို့လည်းသိရတယ်။

ဒေသခံတစ်ဦးရဲ့ပြောဆိုချက်အရ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဓားပြတိုက်ခံရလို့ အနီးနားရှိကင်းယူထားသည့် စစ်သားတွေကို တိုင်ကြားခဲ့ပေမယ့် ၎င်းစစ်သားက “အဲဒါငါတို့ခွင့်ပြု ထားတာ ငါတို့လူတွေ” လို့ပြောဆိုခဲ့ဖူးကြောင်းလည်းသိရတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို အဖမ်းအဆီး အလွန်ကြမ်းနေပြီး နေရာအနှံ့ ပေါ်တာဆွဲမှုများပြားလာ

မေ ၂၁၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် လမ်းသွားလမ်းလာ လူငယ်တွေကို အာဏာသိမ်းစစ်တပ်နဲ့ ၎င်းရဲ့ လက်ပါးစေတွေက အရှိန်မြှင့် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ အခုရက်ပိုင်းအတွင်း ဖမ်းဆီးမှုတွေ အလွန်စိပ်လာနေပြီး ပြီးခဲ့တဲ့ မေလ ...

ဆက်ဖတ်ရန်