ကလေးမြို့တွင် ကိုဗစ်လူနာ (၄)ဦးတွေ့ရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဒီကနေ့ (မေ ၂၄)ရက်တွင် ကိုဗစ်လူနာ သစ် (၄)ဦးတွေ့ရှိတယ်လို့ သတင်းရရှိပါတယ်။

၎င်းတို့ကတော့ မြို့သာရပ်ကွက်က ၂ ယောက်၊ အောင်မြေမာန်ရပ်ကွက်က ၁ ယောက် နဲ့ တာဟန်းရပ်ကွက်က ၁ ယောက် စုစုပေါင်း ၄ ယောက်ဖြစ်ပါတယ်။

လူနာအားလုံးဟာ လူကြီးပိုင်းအရွယ်တွေဖြစ်ပြီး အနှံ့ပျောက်လို့ စစ်ဆေးရာမှ ကိုဗစ်ပိုးတွေ့တာဖြစ်တယ်လို့သိရပါတယ်။

ဒါဟာ စစ်တပ်အာဏာလုယူပြီးနောက်ပိုင်း ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ပထမဆုံးအကြိမ်တွေ့ရှိတာဖြစ်တယ်။

Zalen ad

အရင်ပတ်ကလည်း ချင်းပြည်နယ် တီးတိန်မြို့တွင် ကိုဗစ်ကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ဖလမ်းမြို့တွင် ကိုဗစ်လူနာ ၆ ဦးကုသလျက်ရှိပါတယ်။

ဒါကြောင့် အပြင်သွားတိုင်း Mask တပ်ဖို့မမေ့ကြပါနဲ့။ မကြာခဏ လက်ဆေးပါ။

နောက်ဆုံးရသတင်းများ

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတဦး ထိုင်းမှာ ဖမ်းဆီးရမိ

ဧပြီ ၁၀၊ ၂၀၂၆ Zalen မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ၃၂ နှစ်အရွယ် တရုတ်အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ပတ္တရားရှိ ဇိမ်ခံဗီလာတခုမှာ ဒီနေ့မနက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ...

ဆက်ဖတ်ရန်