ကလေးမြို့တွင် ကိုဗစ် လူနာတစ်ဦးထပ်တွေ့ လူနာ စုစုပေါင်း ၄ ယောက်ရှိပြီ

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ကနေ ပြန်လာတဲ့ ကလေးမြို့ စမ်းမြို့ရပ်ကွက်က အသက် (၁၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးထံ ဒီမနက် ကိုဗစ်ရောဂါပိုးတွေ့ရှိတယ်လို့သတင်းရရှိပါတယ်။

လူနာဟာ Stay at home သတ်မှတ်ထားတဲ့ မြို့နယ်ကပြန်လာတာ မဟုတ်တဲ့ အတွက် Quaraintine မဝင်ခိုင်းခဲ့ပါ။ အိမ်မှာနေစဉ် ဖျားခဲ့ပြီး ဆေးခန်းပြခဲ့တယ်လို့လည်း သိရပါတယ်။တစ်အိမ်တည်း နေထိုင်ခဲ့သူမိသားစုဝင် ၄ယောက်ကတော့ကလေးတက္ကသိုလ် CBFQ မှာ Qဝင်ဖို့ ရောက်လာကြပါပြီလို့သိရပါတယ်။

ဒါကြောင့် ကလေးမြို့နယ်က ပြည်သူများ အပြင်သွားတိုင် Mask တပ်ကြရန်၊ အသွားအလာဆင်ခြင်ကြရန်လိုပါတယ်။ ခုချိန်မှာတော့ ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၄)ဦးရှိပါတယ်။

နောက်ဆုံးရသတင်းများ

ချင်း စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် Chin Archive App နဲ့ Website ဖွင့်လှစ်ခဲ့

ဧပြီ ၂၀ ၊ ၂၀၂၆Zalen ချင်း စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် Chin Archive App & Website ကို Chin Calai Advocacy ရဲ့ ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ် ဧပြီလ ...

ဆက်ဖတ်ရန်