ကလေးမြို့နယ်မှာ ခေတ်ပျက်ကိုအခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါးရောင်းတဲ့သူတွေကို PDF –Kalay ကအရေးယူတော့မယ်ဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မြောက်ဘက်တွင် ခေတ်ပျက်ကိုအခွင့်ကောင်းယူပြီး ဘိန်းဖြူနဲ့ ဆက်စပ်မူးယစ်ဆေးဝါးရောင်းတဲ့သူတွေရှိနေတာကြောင့် ၄င်းတို့ကို PDF – Kalay မြောက်ပိုင်းတပ်ရင်း ကသတိပေးထားပါတယ်။

PDF – Kalay မြောက်ပိုင်းတပ်ရင်းရဲ့ထုတ်ပြန်ချက်ထဲမှာ “ရဲတွေကလည်းမဖမ်းတော့ ဘိန်းဖြူနဲ့ ဆက်စပ်မူးယစ်ဆေးဝါးတွေ လွတ်လွတ်လပ်လပ်နဲ့ အတော်များများကရောင်းနေကြတယ်။ သူတို့ကြောင့်လူငယ်အများအပြားဘဝပျက်ဆီးနေတယ်။ ဒါကို PDF – Kalay ကလက်ပိုက်ကြည့်နေမှာမဟုတ်ဘဲ ဦးစားပေးကိုင်တွယ်သွားမယ်။ တာဟန်းမြောက်ဘက်မှာ ရောင်းဝယ်ဖောက်ကားတဲ့သူ အတော်ပေါတယ်။ ပျဉ်းတောဦးနဲ့ မင်းလှကြား ချောင်းမှာလူငယ်တွေမူးယစ်ဆေးသုံးစွဲနေကြတယ်ဆိုတဲ့သတင်းကြားတယ်။ လက်ပံချောင်းရွာမှာ မူးယစ်ဆေးရောင်းတဲ့သူ ၂ ယောက်ရှိတယ်။ သတိပေးပြီးတော့ မလိုက်နာဘူးဆိုရင် စာရင်းရှင်းရလိမ့်မယ်။ ပြည်သူတွေလည်း မူးယစ်ဆေးရောင်းတဲ့သူသိရင် ရွာ၊ နာမည်တွေနဲ့သတင်းအတိအကျတိုင်ကြားလို့ရတယ်” လို့ဖော်ပြထားပါတယ်။

၂၀၁၅ ခုနှစ်နောက်ပိုင်းကစပြီး ကလေးမြို့အနောက်မြောက်ဘက် လက်ပံချောင်းတလျှောက် ကျေးရွာများတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့သူများပြားလာပြီး ၂၀၂၀ ပြည့်နှစ်မှာတော့ အလယ်တန်း၊ အထက်တန်းကျောင်းသားတွေကပါ ဆေးပြားတွေသုံးစွဲလာတယ်လို့ ဒေသခံကျေးရွာအုပ်ချုပ်ရေးမှူးတွေထံကသိရတယ်။

ယင်းမူးယစ်ဆေးဝါးတွေဟာ အိန္ဒိယနယ်စပ်ကနေ တမူးဘက်သို့ဝင်လာပြီး ကျေးရွာတွေမှာ ကိုယ်စားလှယ်တွေနဲ့ရောင်းချနေကြပါတယ်။ နိုင်ငံတော်လွတ်ငြိမ်းချမ်းသားခွင့်မှာ မူးယစ်ဆေးဝါးသုံးစွဲသူနဲ့ရောင်းဝယ်တဲ့သူတွေလွတ်မြောက်လာတာရယ်၊ ဆေးပြားနဲ့ ဘိန်းဖြူစျေးနှုန်းနည်းပါးလာတာနဲ့ သုံးစွဲသူပိုများစေပါတယ်။

Zawgyi

ကေလးၿမိဳ႕နယ္မွာ ေခတ္ပ်က္ကိုအခြင့္ေကာင္းယူၿပီး မူးယစ္ေဆးဝါးေရာင္းတဲ့သူေတြကို PDF –Kalay ကအေရးယူေတာ့မယ္ဟုဆို

စစ္ကိုင္းတုိင္းေဒသၾကီး၊ ကေလးၿမိဳ႕ေျမာက္ဘက္တြင္ ေခတ္ပ်က္ကုိအခြင့္ေကာင္းယူၿပီး ဘိန္းျဖဴနဲ႔ ဆက္စပ္မူးယစ္ေဆးဝါးေရာင္းတဲ့သူေတြရွိေနတာေၾကာင့္ ၄င္းတို႔ကို PDF – Kalay ေျမာက္ပိုင္းတပ္ရင္း ကသတိေပးထားပါတယ္။

PDF – Kalay ေျမာက္ပိုင္းတပ္ရင္းရဲ႕ထုတ္ျပန္ခ်က္ထဲမွာ “ရဲေတြကလည္းမဖမ္းေတာ့ ဘိန္းျဖဴနဲ႔ ဆက္စပ္မူးယစ္ေဆးဝါးေတြ လြတ္လြတ္လပ္လပ္နဲ႔ အေတာ္မ်ားမ်ားကေရာင္းေနၾကတယ္။ သူတို႔ေၾကာင့္လူငယ္အမ်ားအျပားဘဝပ်က္ဆီးေနတယ္။ ဒါကို PDF – Kalay ကလက္ပိုက္ၾကည့္ေနမွာမဟုတ္ဘဲ ဦးစားေပးကိုင္တြယ္သြားမယ္။ တာဟန္းေျမာက္ဘက္မွာ ေရာင္းဝယ္ေဖာက္ကားတဲ့သူ အေတာ္ေပါတယ္။ ပ်ဥ္းေတာဦးနဲ႔ မင္းလွၾကား ေခ်ာင္းမွာလူငယ္ေတြမူးယစ္ေဆးသံုးစြဲေနၾကတယ္ဆိုတဲ့သတင္းၾကားတယ္။ လက္ပံေခ်ာင္းရြာမွာ မူးယစ္ေဆးေရာင္းတဲ့သူ ၂ ေယာက္ရွိတယ္။ သတိေပးၿပီးေတာ့ မလိုက္နာဘူးဆိုရင္ စာရင္းရွင္းရလိမ့္မယ္။ ျပည္သူေတြလည္း မူးယစ္ေဆးေရာင္းတဲ့သူသိရင္ ရြာ၊ နာမည္ေတြနဲ႔သတင္းအတိအက်တုိင္ၾကားလို႔ရတယ္” လို႔ေဖာ္ျပထားပါတယ္။

၂၀၁၅ ခုႏွစ္ေနာက္ပိုင္းကစၿပီး ကေလးၿမိဳ႕အေနာက္ေျမာက္ဘက္ လက္ပံေခ်ာင္းတေလွ်ာက္ ေက်းရြာမ်ားတြင္ မူးယစ္ေဆးဝါးေရာင္းဝယ္သံုးစြဲတဲ့သူမ်ားျပားလာၿပီး ၂၀၂၀ ျပည့္ႏွစ္မွာေတာ့ အလယ္တန္း၊ အထက္တန္းေက်ာင္းသားေတြကပါ ေဆးျပားေတြသံုးစြဲလာတယ္လုိ႔ ေဒသခံေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြထံကသိရတယ္။

ယင္းမူးယစ္ေဆးဝါးေတြဟာ အိႏိၵယနယ္စပ္ကေန တမူးဘက္သို႔ဝင္လာၿပီး ေက်းရြာေတြမွာ ကိုယ္စားလွယ္ေတြနဲ႔ေရာင္းခ်ေနၾကပါတယ္။ ႏိုင္ငံေတာ္လြတ္ၿငိမ္းခ်မ္းသားခြင့္မွာ မူးယစ္ေဆးဝါးသံုးစြဲသူနဲ႔ေရာင္းဝယ္တဲ့သူေတြလြတ္ေျမာက္လာတာရယ္၊ ေဆးျပားနဲ႔ ဘိန္းျဖဴေစ်းႏႈန္းနည္းပါးလာတာနဲ႔ သံုးစြဲသူပိုမ်ားေစပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်