ကလေးမြို့နယ်အတွင်းက UG စခန်းတစ်ခုနဲ့ လေးအိမ်စုရွာကနေအိမ် ၂ လုံးကို မီးရှို့ပြီး အရပ်သား ၂ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ကလေးမြို့ အနောက်တောင်ဘက်ကရှိ လေးအိမ်စုရွာက လူနေအိမ် ၂ လုံးနဲ့ UG စခန်းတစ်ခုကို စစ်ကောင်စီတပ်သားတွေက မီးရှို့တဲ့အပြင် လယ်လုပ်နေတဲ့ အရပ်သား ၂ ဦးကို ပစ်သတ်သွားကြတယ်လို့ သတင်းရရှိပါတယ်။

ယနေ့သြဂုတ်လ ၁၆ ရက်မနက် ၆ နာရီလောက်တွင် စစ်ကောင်စီအင်အား ၅၀ လောက်ဟာ ကလေးမြို့ အနောက်တောင်ဘက်သို့စစ်ကြောင်းထိုးလာပြီး UG စခန်းမီးရှို့ဖျက်စီးခံခဲ့ရပြီးလက်လုပ်ရိုင်ဖယ်၁လက် ဖုန်း နှင့် ပစ္စည်းအချို့ ဆုံးရှုံးတယ်လို့ PDF-Kalay တပ်ရင်း-၂ ကထုတ်ပြန်ထားပါတယ်။

299191899_159692346640743_5906007102483721999_n

UG ရဲဘော်များ ဘေးကင်းစွာလွတ်မြောက်ခဲ့ပေမယ့် စခန်းအနီးမှာလယ်လုပ်နေတဲ့ အရပ်သား ၂ ဦးကို အကြာင်းမဲ့ပစ်သတ်သွားကြပါတယ်။

Zalen ad

ပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ လေးအိမ်စုရွာသို့ဝင်လာပြီး လူနေအိမ် ၂ လုံးကိုမီးရှို့ကြပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ လက်ပံခုံရွာကနေတဆင့် ကလေးမြို့ ဒကစတပ်တွင်းသို့ပြန်လည်ဆုပ်ခွာသွားကြပါတယ်။

နောက်ဆုံးရသတင်းများ

တန်းတူညီမျှသော ပြည်ထောင်စုသစ် ပေါ်ပေါက်သည်အထိ ဆက်လက်တိုက်ပွဲဝင်မည်ဟု CDF-Asho ထုတ်ပြန်

ဇန်နဝါရီ  ၂၂ ၊ ၂၀၂၆။ Zalen တန်းတူညီမျှမှုရှိသော ပြည်ထောင်စုသစ်တရပ် ပေါ်ထွန်းလာသည်အထိ အရှိန်အဟုန်မပျက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ချင်းကာကွယ်ရေးတပ် (အရှို) က ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့ ...

ဆက်ဖတ်ရန်