ကလေးမြို့ ဗိုလ်ချုပ်လမ်းမဘေးရှိ RTC ရှေ့မျက်နှာစာမှာ ပြည်သူများအတွက် နားနေစရာ Public Area ဖော်ဆောင်ဖို့ ဒီနှစ်အတွက် ဘတ်ဂျက် သိန်း (၁၀၀) ချထားတယ်လို့သတင်းရရှိပါတယ်။
ကလေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော် က ၎င်းလူမှုကွန်ယက်စာမျက်နှာတွင် “ဒီနှစ်အတွက် လုပ်ငန်းစတင်နိုင်ဖို့ ဘတ်ဂျက် သိန်း ၁၀၀ စရပါပြီ။ ရေမြောင်းလုပ်ငန်းနှင့် လူကူးတံတားလေးများကို လမ်းဦးစီးဌာနဘတ်ဂျက်မှ လုပ်ဆောင်ပေးပြီး မြေညှိခြင်း မြက်စိုက်ခြင်း ပန်းစိုက်ခြင်း အလှထိုင်ခုံများ တပ်ဆင်ခြင်းများအတွက် စည်ပင်မှ ဆက်လက်ဆောင်ရွက်သွားပါမယ်။ ဖော်ဆောင်လိုတဲ့လုပ်ငန်းပမာဏက ဘတ်ဂျက်အရတဆင့်ချင်းတဖြေးဖြေး ဖော်ဆောင်သွားရမှာမို့ ကျွန်မတို့တာဝန်ယူစဉ်သက်တမ်းကာလအတွင်း အပြီးသတ်နိုင်ဖို့ စိတ်စောမိပါတယ်။ မြို့နေပြည်သူများအတွက် ရည်ရွယ်ထားတာမို့ မြို့နေပြည်သူများကလည်း တဖက်တလမ်းကနေပူးပေါင်းပါဝင်ပေးကြဖို့လည်းဖိတ်ခေါ်ပါတယ်” လို့ရေးသားထားပါတယ်။
(Zawgyi)
ကေလးၿမိဳ႕ RTC ေရွ႕မ်က္ႏွာစာမွာ Public Area ေဖာ္ေဆာင္မယ္
ကေလးၿမိဳ႕ ဗိုလ္ခ်ဳပ္လမ္းမေဘးရွိ RTC ေရွ႕မ်က္ႏွာစာမွာ ျပည္သူမ်ားအတြက္ နားေနစရာ Public Area ေဖာ္ေဆာင္ဖို႔ ဒီႏွစ္အတြက္ ဘတ္ဂ်က္ သိန္း (၁၀၀) ခ်ထားတယ္လို႔သတင္းရရွိပါတယ္။

ကေလးၿမိဳ႕နယ္ တုိင္းေဒသၾကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚသန္႔ေဝေက်ာ္ က ၄င္းလူမႈကြန္ယက္စာမ်က္ႏွာတြင္ “ဒီႏွစ္အတြက္ လုပ္ငန္းစတင္ႏိုင္ဖို႔ ဘတ္ဂ်က္ သိန္း ၁၀၀ စရပါၿပီ။ ေရေျမာင္းလုပ္ငန္းႏွင့္ လူကူးတံတားေလးမ်ားကို လမ္းဦးစီးဌာနဘတ္ဂ်က္မွ လုပ္ေဆာင္ေပးၿပီး ေျမညႇိျခင္း ျမက္စိုက္ျခင္း ပန္းစိုက္ျခင္း အလွထိုင္ခုံမ်ား တပ္ဆင္ျခင္းမ်ားအတြက္ စည္ပင္မွ ဆက္လက္ေဆာင္႐ြက္သြားပါမယ္။ ေဖာ္ေဆာင္လိုတဲ့လုပ္ငန္းပမာဏက ဘတ္ဂ်က္အရတဆင့္ခ်င္းတေျဖးေျဖး ေဖာ္ေဆာင္သြားရမွာမို႔ ကြၽန္မတို႔တာဝန္ယူစဥ္သက္တမ္းကာလအတြင္း အၿပီးသတ္ႏိုင္ဖို႔ စိတ္ေစာမိပါတယ္။ ၿမိဳ႕ေနျပည္သူမ်ားအတြက္ ရည္႐ြယ္ထားတာမို႔ ၿမိဳ႕ေနျပည္သူမ်ားကလည္း တဖက္တလမ္းကေနပူးေပါင္းပါဝင္ေပးၾကဖို႔လည္းဖိတ္ေခၚပါတယ္” လို႔ေရးသားထားပါတယ္။