ကလေး- မဟာမြိုင် ကားလမ်းမကြီးယာဉ် အစီး ၈၀၀ကျော်ပိတ်မိနေဆဲ၊ ကုန်ဈေးနူန်းထပ်တက်မှာ ပြည်သူတွေစိုးရိမ်

ချင်းလေး / ၁၁၊အောက်တိုဘာ ၊၂၀၂၃

Zalen

စက်တင်ဘာ လမကုန်ခင်လောက်က ပိတ်မိနေတဲ့ ကလေး-မဟာမြိုင် လမ်းမကြီး ဟာ ဒီနှစ်ထဲ အဆိုးရွားဆုံးဖြစ်တယ်လို့လဲ သိရပါတယ်။

အခုလို ကားလမ်းမကြီး တွေ ဆိုးဆိုးရွားရွားလမ်းပျက်ဆီးဝာာတွေကြောင့် မန်းလေး ကနေ ကလေး အတက် ကားတွေဟာ  မဟာမြိုင်လမ်းမကြီးကို မသုံးတော့ ပဲ မန်းလေး -ဂန်ဂေါ်- ဟားခါး – ဖလမ်း ကနေ တစ်ဆင့် ကလေး ထိ ကုန်တွေနဲ့ ပြန်ဆင်းကြတယ်လို့ သိရပါတယ်။

“အခုကလေးမြို့မှာလောလောဆယ် စက်သုံးဆီ ပြတ်လပ်မူတွေ ရှိနေတယ်။ အချို့ စက်သုံးဆီဆိုင် ကြီးတွေ ပိတ်ထားရတယ်။ Oso (အိုဆို) ဆိုင်ကြီးဆို ပိတ်ထားတာ တစ်ပတ်လောက်ကြာပြီ။ ကလေး ဆီဈေးက  ဖလမ်းမြို့ထက် တောင် ပိုကြီးနေတာဗျ။ ဒီနေ့ တော့  ဆိုင်ကြီး တစ်ဆိုင်ကတော့ ခွဲတမ်း စနစ်နဲ့ ရောင်းချပေးနေတယ်။ ဓာတ်ဆီ တစ်လီတာ ကို ၁၇၀၀၀ကျပ် ပေးနေရတယ် ” လို့ ကလေးမြို့ ဒေသခံတစ်ဦးမှ ပြောပါတယ်။

ကလေး-မဟာမြိုင် ကားလမ်းမကြီးမှာ အခုလို ပိတ်မိနေတဲ့ ယာဉ်တန်းတွေကြောင့် ကလေးမြို့မှာ ကုန်ဈေးနူန်းတွေ ထပ်တက်ရင် ဖလမ်းကနေ ကလေးဖက်က စားသုံးကုန်တွေ ‌မှာယူနေရတဲ့ အတွက် ဖလမ်း မြို့မှာလဲ ကုန်ဈေးနူန်း ထပ်တက် နိုင်တယ်လို့ ပြည်သူ တွေ စိုးရိမ်‌ေနကြတယ်လို့ သိရပါတယ်။

ဖလမ်း ကုန်စုံဆိုင် ဖွင့်သူ တစ်ဦးက “ ကလေး မှာတောင် စက်သုံးဆီ အချို့ ဆိုင်တွေ ပြတ်နေပြီ။ ဖလမ်း မှာတော့ ဟားခါး ကနေ တဆင့်ဝယ်ယူ လို့ ရသေးတယ်။ မနေ့ကပဲ ဟားခါးမှာ‌ ဆီ လိုသလောက် မှာယူလို့ မရတော့ဘူး။ မနေ့ကစပြီး ဖလမ်းမှာလဲ ဓာတ်ဆီ ဈေး ၁၅၀၀၀ကနေ ၅၀၀ပို တက်တယ်။ ဒီဇယ်ကတော့ ဈေးမတက်ဘူး။ မဟာမြိုင်လမ်း ပိတ်နေသေးတော့ မန်းလေး ဖက်က ကုန်ကားတွေ ကလေးကို မ‌ဝင်နိုင်သေးဘူး။ ကုန်ဈေးနူန်း စားကုန် ကုန်မာ ပစ္စည်းတွေ ဈေးထပ်တက်မှာ စိုးရိမ်စရာဖြစ်နေပြီ”လို့ ပြောပါတယ်။

ကလေး- မဟာမြိုင်လမ်း အခုလို ပျက်စီးမှုဆိုးရွားနေတာကြောင့် ပိတ်မိနေတဲ့ကားတွေကို လယ်ထွန်စက်တွေနဲ့ ကားလမ်းကောင်းတဲ့ ထိ ဆွဲ ပေးနေတယ်လို့လဲ သိရတယ်။

ကလေးကားကြီးဝန်း ကားအုံနာတစ်ဦးက“ လယ်ထွန်စက်နဲ့ မဆွဲရင် ကားက ဘယ်လိုမှ ရုန်းဖို့မလွယ်ဘူး ကားသေးတွေကျတော့ မြန်တာပေါ့။ ၆ဘီး ၁၂ဘီး ကားကြီးတွေဆို လယ်ထွန်စက် နှစ်စီး နဲ့ ယှဉ်ပြီး ဆွဲရတာတွေ ရှိတယ်။ လမ်းကောင်းတဲ့အထိ ဆွဲ ပေးကြတာ ယာဉ်ဆွဲက တစ်စီးကို ခြောက်သောင်းကနေ ရှစ်သောင်း လောက် တစ်ခါဆွဲရင် ပေးရတယ်။ ဒီနေ့ တော့ ၆ဘီးကုန်ကား နှစ်စီး ဝင်လာနိုင်တယ်။ မန်းလေးနဲ့ ကလေး ကို ၁၅ ရက်‌ မက ကြာတယ်” လို့ ပြောပါတယ်။

ဩဂုတ်လလောက်ကစပြီး ကလေး-မဟာမြိုင်လမ်းတွေ အခုလို ဆိုးဆိုးရွားရွားလမ်းပျက်စီးတာကြောင့် အချိူ့ ကုန်ကားကြီးတွေ တိမ်းမှောက် ၊ ကားအောက်ပိုင်း ပျက်ဆီးတာတွေ လည်းကြုံတွေ့နေရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်