စစ်ဘေးရှောင် ကချင်ပြည်သူတွေတောတွင်းပိတ်မိသူများလွှတ်မြောက်ရေးအတွက် မေလ(၁၄)ရက်တွင် ကလေးမြို့၌ ချင်းတိုင်းရင်းသားများက ဆန္ဒဖော်ထုတ်မည်ဟုသတင်းရရှိသည်။
ကလေးမြို့ ချင်းလူထု ကချင်စစ်ဘေးရှောင်အတွက်ဆန္ဒပြရန် အစည်းအဝေးကျင်းပစဉ်
လက်ရှိတွင် မြို့နယ်အာဏာပိုင်များထံခွင့်ပြုချက်တင်ပြရန်ပြင်ဆင်လျက်ရှိသည်။ ဆန္ဒပြစဉ်ကြွော်ကြော်သံများမှာ စစ်ဘေးရှောင် ကချင်တိုင်းရင်းသားတောတွင်းပိတ်မိသူများလွှတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံအောင်မြင်ရေး စသည်တို့ဖြစ်သည်။