ကျီးခါးတွင် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဈေးတန်းတည်ဆောက်ဖို့ မြေနေရာတိုင်းတာ

ကျီးခါးတွင် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဈေးတန်းတည်ဆောက်ဖို့ မြေနေရာတိုင်းတာ

ချင်းပြည်နယ် မြောက်ဘက်အစွန်ဆုံးမှာရှိတဲ့ တွန့်ဇံမြို့နယ်၊ ကျီးခါးမြို့ ခင်မန်းကျေးရွာတွင် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဈေးတန်းတည်ဆောက်ဖို့ ဇူလိုင် (၁၈)ရက်က တာဝန်ရှိပုဂ္ဂိုလ်များကွင်းဆင်းတိုင်းတာကြကြောင်းသတင်းရရှိပါတယ်။

ယင်းကွင်းဆင်းအဖွဲ့တွင် ထွေအုပ်ရုံး၊ ရဲတပ်ဖွဲ့၊ လမ်းဦးစီးဌာန၊ စည်ပင် နဲ့ မြေစာရင်းဌာနမှတာဝန်ရှိသူများပါဝင်ကြပါတယ်။

တွန့်ဇံမြို့နယ် မြေစာရင်းဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက “အဓိကတော့ မြန်မာ – အိန္ဒိယနယ်စပ် ထွက်ပေါက်တွေများများပေါ်ပေါက်စေချင်တယ်။ ဒါမှ ကုန်စည်စီးဆင်းမှုကမြန်ဆန်မှာလေ။ ဒီဈေးကလည်း အိန္ဒိယ တာဝန်ယူတည်ဆောက်ပေးမယ်” လို့ပြောပါတယ်။

Zalen ad

ယင်းနေရာကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် အိန္ဒိယ -မြန်မာ တာဝန်ရှိပုဂ္ဂိုလ်တွေက ကွင်းဆင်းစစ်ဆေးထားပြီဖြစ်ပါတယ်။ လက်ရှိ ချင်းပြည်နယ်မှ အိန္ဒိယ – မြန်မာ နယ်စပ်ဂိတ်ဟာ ရိခေါ်ဒါရ်ဂိတ်တစ်ခုသာရှိပြီး ဖလမ်းမြို့နယ်နဲ့ ထန်တလန်မြို့နယ်တွင် နယ်စပ်ကုန်သွယ်ရေးဂိတ် ထပ်ဖွင့်ရန် ပြည်နယ်အစိုးရက ရည်မှန်းထားပါတယ်။

နောက်ဆုံးရသတင်းများ

ပေါ်တာကြောင့် လူငယ်မဲ့သွားသော ပလက်ဝမြို့နယ်က ‌ကျေးရွာများ

အယိုက်လင်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ခန့်မှစတင်ပြီး အာရက္ခတပ်တော် (ULA/AA) က ၎င်းတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်မှုတွေကို ...

ဆက်ဖတ်ရန်