ချင်းဘာသာစကား သုံးမျိုးနဲ့ စာစီစာကုံးပြိုင်ပွဲပြုလုပ်မယ်

ပြည်တွင်းပြည်ပရှိ ချင်းလူမျိုးတွေပါဝင်နိုင်မယ့် စာစီစာကုံးယှဉ်ပြိုင်နိုင်ဖို့ ဖလမ်း၊ မီးဇို၊ ဟားခါး ဘာသာစကားသုံးမျိုးနဲ့ စာစီစာကုံးပြိုင်ပွဲကို Letpan Artist Circle အဖွဲ့ဦးဆောင်ပြီး ပြုလုပ်မယ်လို့သိရပါတယ်။

စာလုံးရေ (၁၅၀၀) ကနေ သုံးထောင်ကြားသတ်မှတ်ထားပြီး စာစီစာကုံးကို စက်တင်ဘာလ (၃၀)ရက် ည ၁၂း၀၀ နာရီ ထိ facebook: Edward CL Mawia, Email: edwardmawia2@gmail.com; Phone: +959255488600 နဲ့ FB: Jesse KlirlungzKipling
E-mail: jcphektereng@gmail.com; Phone: +959254023558 တို့တွင်ပေးပို့နိုင်ပါတယ်။

ကိုဂျေစီက “လူငယ်တွေ စာကောင်းပေကောင်းဖတ်ချင်တဲ့သူ တော်တော်လျော့နည်းသွားပြီ။ အွန်လိုင်းပေါ်က စာတိုလေးတွေပဲဖတ်ချင်ကြတယ်။ စာပေကောင်းဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာ သိစေချင်တယ်။ စာပေအမျိုးအစားက ငါးမျိုးရှိပေမယ့် စာစီစာကုံးက အလွယ်ဆုံး စကားပြေဖြစ်တဲ့တွက် သူတို့တွက်လည်းလွယ်မယ်လို့ယူဆတာကြောင့် စာစီစာကုံးပြိုင်ပွဲလုပ်ရခြင်းဖြစ်တယ်”လို့ပြောတယ်။

ပထမဆုံး တစ်သိန်းနဲ့ဖလား၊ ဒုတိယဆု ရှစ်သောင်းနဲ့ ဖလား၊ တတိယဆု ငါးသောင်းနဲ့ ဖလား သတ်မှတ်ထားပါတယ်။ အမှတ်ပေးစည်းမျဉ်းတွေကတော့ prose style- ၂၀ ရာခိုင်နှုန်း၊ flow of message content- ၂၀ ရာခိုင်နှုန်း၊ body of Essay- ၃၀ ရာခိုင်နှုန်း၊ အခြား- ၁၀ ရာခိုင်နှုန်း၊ Originality- ၂၀ ရခိုင်နှုန်း စသည်တို့ဖြစ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ကတုတ်ကျင်းထဲက ပျောက်ဆုံးနေတဲ့အနာဂတ်များ

စာရေးသူ- ပီအောင် ” ကလေးက နှနှစ်ပဲရှိသေးတယ်။ လေယာဉ်သံကြားရင် ကျွန်မဆီပြေးလာတယ်။ ကတုတ်ကျင်းထဲ ၀င်ရင်လည်း သူ့ဟာသူ နားပိတ်တတ်လာတယ်။ ကလေးကိုကြည့်ပြီးကျွန်မ အရမ်းပဲသောကရောက်ရတယ်” မြန်မာနိုင်ငံရဲ့ လက်ရှိပဋိပက္ခဒေသ တွေမှာနေထိုင်ကြရတဲ့ ကလေးငယ် တွေအတွက် “ကတုတ်ကျင်း” ဆိုတဲ့ ...

ဆက်ဖတ်ရန်