ချင်းမျိုးနွယ်စုခေါင်းဆောင်များ မလေးရှားရောက်ချင်းဒုက္ခသည်များအရေးသွားရောက်ဆွေးနွေးမယ်

မြန်မာနိုင်ငံမှ ချင်းမျိုးနွယ်စုခေါင်းဆောင်(၆)ဦးဟာ မလေးရှားနိုင်ငံရောက် ချင်းဒုက္ခသည်တွေအရေးနဲ့ပတ်သက်ပြီး သြဂုတ်လ (၁၀)ရက်တွင် သွားရောက်တိုင်ပင်ဆွေးနွေးမှာဖြစ်ပါတယ်။

ယင်းအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရန်ကုန်အခြေစိုက် ချင်းပြည်နယ် မြို့နယ်အသီးသီးမှ လူမှုရေးအသင်းများ၊ မျိုးနွယ်စု လူမှုရေးအသင်းများနဲ့ ဆွေးနွေးတိုင်ပင်ပွဲကို  သြဂုတ်လ (၄)ရက် နေ့လည် ၁ နာရီကနေ (၅)နာရီထိ Orchid Hotel မှာပြုလုပ်မှာဖြစ်ပါတယ်။

ယင်းပွဲမှာ မြို့နယ်/မျိုးနွယ်စု လူမှုရေးအသင်းတစ်သင်းလျင် တာဝန်ရှိ ကိုယ်စားလှယ် သုံးဦးစီ တက်ရောက်ဖို့ဖိတ်ခေါ်ထားပါတယ်။

“မလေးရှားနိုင်ငံမှာ တစ်ပတ်ကြာနေထိုင်မှာဖြစ်ပြီး မလေးရှားချင်းအဖွဲ့အစည်းတွေနဲ့ မလေးရှား UNHCR ကိုယ်စားလှယ်တွေနဲ့တွေ့မယ်။ သူတို့ဖြစ်ချင်တာအရင်မေးပြီး တာဝန်ရှိပိုဂ္ဂိုလ်တွေနဲ့ဆွေးနွေးမယ်။ မလေးရှားဆိုင်ရာ မြန်မာသံအမတ်တွေနဲ့လည်းတွေ့မယ်”လို့ ဦးဆောင်သူ ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်ကဆိုပါတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့နယ်တောင်ပိုင်း နတ်မြောင်းရွာနဲ့ နတ်ချောင်းရွာကို စစ်ကောင်စီက မီးရှို့

အောက်တိုဘာ ၃၀၊ ၂၀၂၅ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း နတ်မြောင်းရွာနဲ့ နတ်ချောင်းရွာကို စစ်ကောင်စီ စစ်ကြောင်းက ဝင်ရောက်မီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီနေ့ အောက်တိုဘာလ ၃၀ ရက်နေ့မနက်မှာ အင်အား ၁၀၀ ကျော်ပါတဲ့ ...

ဆက်ဖတ်ရန်