ချင်းပြည်နယ်ဘတ်ဂျက်ဖြစ် ဘုန်းကြီးကျောင်းနဲ့ဘုရားကျောင်းတွေကို ကျပ်သန်း(၅၀၀)ကျော်အကုန်ကျခံတည်ဆောက်မယ်

ချင်းပြည်နယ်မှာ ဘုန်းကြီးကျောင်းနဲ့ဆက်စပ်တဲ့ (၁၁)ကျောင်း၊ ဘုရားကျောင်းနဲ့ဆက်စပ်တဲ့ (၂၀)ကျောင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ပြည်နယ်ဘတ်ဂျက်နဲ့  န.တ.လ(နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးဌာန)က ပြုပြင်တည်ဆောက်မယ်။

ဘုန်းကြီးကျောင်း(၁၁)တည်ဆောက်ဖို့ ကျပ်သန်း(၃၇၇.၅)လျာထားပါတယ်။  ဟားခါးမြို့မြို့နယ်တွင် ဟားခါးမြို့၊သာသနာ့ဗိမာန်တော်ကျောင်းဆောက်လုပ်ခြင်း ကျပ်သန်း(၅၅)၊ ဟားခါးမြို့၊ မြို့မဘုန်းကြီးကျောင်း(၆၀x၃၀)ပေဆောက်လုပ်ခြင်း ကျပ်သန်း(၃၅)၊ ဇိုခွါးကျေးရွာ ဘုန်းကြီးကျောင်းဆောက်လုပ်ခြင်း ကျပ်သန်း(၁၀)၊ ဘုံဇုံးကျေးရွာ ဘုန်းတော်ကြီးကျောင်းမြေထိန်းနံရံဆောက်လုပ်ခြင်း ကျပ်သန်း(၁၀)၊ ဟားခါးမြို့ဘုန်းကြီးကျောင်းပြုပြင်ခြင်း ကျပ်သန်း(၁၀)၊ ထန်တလန်မြို့နယ်တွင် လုံလဲရ်ကျေးရွာ၊ ဘုန်းကြီးကျောင်းဆောက်လုပ်ခြင်း ကျပ်သန်း(၁၀)၊ တွန်းဇံမြို့နယ်တွင် တွန်းဇံမြို့၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆောင်(၆၀x၃၀)ပေဆောက်လုပ်ခြင်း ကျပ်သန်း(၁၀)၊ ကျီးခါးမြို့၊ ဘုန်းတော်ကြီးကျောင်းပြုပြင်ခြင်း ကျပ်သန်း(၁၀)၊ မတူပီမြို့နယ်တွင် မတူပီမြို့၊ ဗဟိုကျောင်းဆွမ်းစားဆောင်ဆောက်လုပ်ခြင်း ကျပ်သန်း(၁၀)၊ ကန်ပက်လက်မြို့နယ်တွင် ကန်ပက်လက်မြို့၊ မြို့မဘုန်းကြီးကျောင်းဆွမ်းစားဆောင်(၆၀x၃၀)ပေဆောက်လုပ်ခြင်း ကျပ်သန်း(၁၀)၊ လွန်ဒုံကျေးရွာဘုန်းတော်ကြီးကျောင်းအပြီးသတ်ဆောက်လုပ်ခြင်း ကျပ်သန်း(၁၀) စသည်တို့ဖြစ်ပါတယ်။

ဘုရားရှိခိုးကျောင်း (၂၀)တည်ဆောက်ဖို့ ကျပ်သန်း (၁၉၇.၅)လျာထားပါတယ်။ ဟားခါးမြို့နယ်တွင် ချင်းစရစ်ယာန်တက္ကသိုလ်ဆောက်လုပ်ဆဲပင်မကျောင်းဆောင်(ဆက်လက်)ထောက်ပံ့ခြင်း ကျပ်သန်း(၁၀)၊ မာရာဧဝံဂေလိအသင်းတော်ဘုရားကျောင်း ဆောက်လုပ်ခြင်း ကျပ်သန်း(၁၀)၊ ဟားခါးမြို့ ဧဝံဂေလိအသင်းတော် ဘုရားကျောင်းဆောက်လုပ်ခြင်း ကျပ်သန်း(၁၀)၊ ဟာသားကျေးရွာ၊ ဘုရားရှိခိုးကျောင်းဆောက်လုပ်ခြင်း ကျပ်သန်း(၁၀)၊ ထန်တလန်မြို့နယ်တွင် လုံကျွေးသဲကျေးရွာ နှစ်ခြင်းအသင်းတော် ဘုရားကျောင်းဆောက်လုပ်ခြင်း ကျပ်သန်း(၁၀)၊ မှောင်တလန်ကျေးရွာ၊ UPC ဘုရားကျောင်းရိပ်သာဆောက်လုပ်ခြင်း ကျပ်သန်း (၁၀)၊ ထန်တလန်မြို့ TABC ဘုရားကျောင်းရိပ်သာဆောက်လုပ်ခြင်း ကျပ်သန်း(၁၀)၊ တီးတိန်မြို့နယ်တွင် လဲဇန်ကျေးရွာ(AG)အသင်းတော် ဘုရားကျောင်းဆောက်လုပ်ခြင်း ကျပ်သန်း(၁၀)၊ ဆန်နန်-လိုင်ဘုံကျေးရွာ နှစ်ခြင်းဘုရားကျောင်းဆောက်လုပ်ခြင်း ကျပ်သန်း(၁၀)၊ လိုင်လိုးဘုန်းကြီးကျောင်းခြံစည်းရိုးကာရံခြင်း ကျပ်သန်း(၁၀)၊  တွန်းဇံမြို့နယ်တွင် တွီးတူမ်းကျေးရွာ နှစ်ခြင်းအသင်းတော်ဘုရားကျောင်းဆောက်ုလပ်ခြင်း ကျပ်သန်း(၇.၅)၊ ဆဲလ်ဘုန်းနှစ်ခြင်းအသင်းတော်ဘုရားကျောင်းဆောက်လုပ်ခြင်း ကျပ်သန်း(၁၀)၊ ဟိုင်ကျင်း နှစ်ခြင်းဘုရားကျောင်းဆောက်လုပ်ခြင်း ကျပ်သန်း (၁၀)၊ ဟိုင်ကျင်း UPC ဘုရားကျောင်းဆောက်လုပ်ခြင်း ကျပ်သန်း(၁၀)၊ ကျီခါးမြို့၊ CLBC Sunday School ကျောင်းတည်ဆောက်ခြင်း ကျပ်သန်း(၁၀)၊ ကန်ပက်လက်မြို့နယ်တွင် စမ္မသားကျေးရွာ၊ သတ္တမနေ့အသင်းတော်ဘုရားရှိခိုကျောင်းဆောက်လုပ်ခြင်း ကျပ်သန်း(၁၀)၊ ကန်ပက်လက်မြို့မ(၂)၊ ယုံကြည်သူနှစ်ခြင်းအသင်းတော်ဘုရားကျောင်းဆောက်လုပ်ခြင်း ကျပ်သန်း(၁၀)၊  ပလက်ဝမြို့နယ်တွင် ကြိုင်ထင်းဝကျေးရွာ၊ (အင်္ဂကန်)ဘုရားကျောင်းဆောက်လုပ်ခြင်း ကျပ်သန်း(၁၀) စသည်တို့ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်