ချင်းပြည်နယ်ရဲ့ပထမဆုံး ဝဥစက်ရုံကို ကျပ်သိန်း တစ်သောင်းကျော်အကုန်ကျခံပြီးတည်ဆောက်

ချင်းပြည်နယ်ရဲ့ပထမဆုံး ဝဥစက်ရုံကို ကျပ်သိန်း တစ်သောင်းကျော်အကုန်ကျခံပြီးတည်ဆောက်

ချင်းပြည်နယ်ရဲ့ ပထမဆုံး ဝဥစက်ရုံကို မင်းတပ်မြို့ ထင်ချောင်းအနီးတွင် ကျပ်သိန်း ၁၂၀၀၀ ကျော်အကုန်အကျခံပြီး တည်ဆောက်နေတယ်လို့သတင်းရရှိပါတယ်။

ထင်ချောင်းဟာ မင်းတပ်မြို့ကနေ မကွေး ကျောက်ထုသွားတဲ့လမ်းဘက်မှာရှိပြီး မြေ ၆ ဧကပေါ်မှာ စက်ရုံတည်ဆောက်နေတာဖြစ်တယ်။

ယင်းစက်ရုံကို မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်ရှိ ဝဥစိုက်တောင်သူ(၈၀၀)ကျော် စုပေါင်းပြီး တည်ထောင်ထားတဲ့ ချင်းတောင်ရတနာကုမ္မဏီကတည်ဆောက်နေတာဖြစ်တယ်။

Zalen ad

ချင်းတောင်ရတနာကုမ္မဏီရဲ့ ဒါရိုက်တာ ဦးရှိန်းခယ်က “စက်ရုံကတော့ ဒီနှစ်အောက်တိုဘာလမှာ စတင်လည်ပတ်နိုင်ဖို့မှန်းထားတယ်။ အခု ရုံးခန်းတော့ဆောက်ပြီးသွားပြီ။ စက်ရုံလည်ပတ်မယ့်ပုံစံက ဝဥ ဆေးတဲ့ပိုင်း၊ အခွံလှီးတဲ့ပိုင်း၊ ဆာလာဖာရိုက်တဲ့ခန်း နဲ့ အခြောက်လှန်းတဲ့ခန်းတွေပါမယ်။ ဒီစက်ရုံကြောင့် သမားရိုးကျစိုက်ပျိုးတဲ့အလေ့အထကနေ အရည်သွေးဘက်ကိုလူတွေပိုလိုက်လာမယ်လို့မျှော်လင့်တယ်” လို့ပြောပါတယ်။

စက်ရုံကို အောက်တိုဘာလကနေ မတ်လအထိ ခြောက်လကြာ လည်ပတ်မှာဖြစ်ပြီး ဝဥအခြောက် တန်ချိန် ၅၀၀ ကျော် အခြောက်လှန်းနိုင်မှာဖြစ်ပါတယ်။ ဒီပမာဏဟာဆိုရင် မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်ရှိ ဝဥစိုက်တောင်သူတွေထုတ်လုပ်တဲ့ ဝဥရဲ့ ၃ ပုံ ၁ ပုံသာရှိပါတယ်။ ယင်းမြို့နယ်တွေမှာ တောင်သူ ၉၃ ရာခိုင်နှုန်းက ဝဥစိုက်ပျိုးနေကြပါတယ်။

နောက်ဆုံးရသတင်းများ

ပင်တဂွန်က လျှို့ဝှက် UFO ဖိုင် ၁၆၀ ကျော် ထုတ်ပြန် ၊ ဂြိုဟ်သားအမှန်တကယ်ရှိနေပြီလားဆိုတာ ကမ္ဘာတဝန်း လူစိတ်ဝင်စားမှုမြှင့်တက်လျက်ရှိ

မေ ၉၊ ၂၀၂၆ Zalen နှစ်ပေါင်းများစွာ လူတွေကြား ထင်မြင်ချက်အမျိုးမျိုးနဲ့ ပြောဆိုနေကြတဲ့ UFO အကြောင်းကို အမေရိကန် ပင်တဂွန်ဘက်က တိတ်တဆိတ်မနေတော့ဘဲ စာရွက်စာတမ်း ၁၆၀ ကျော်ကို မနေ့က မေ ၈ရက်နေ့မှာ တရားဝင် ...

ဆက်ဖတ်ရန်