ချင်းပြည်နယ်ရဲ့ပထမဆုံး ဝဥစက်ရုံကို ကျပ်သိန်း တစ်သောင်းကျော်အကုန်ကျခံပြီးတည်ဆောက်

ချင်းပြည်နယ်ရဲ့ပထမဆုံး ဝဥစက်ရုံကို ကျပ်သိန်း တစ်သောင်းကျော်အကုန်ကျခံပြီးတည်ဆောက်

ချင်းပြည်နယ်ရဲ့ ပထမဆုံး ဝဥစက်ရုံကို မင်းတပ်မြို့ ထင်ချောင်းအနီးတွင် ကျပ်သိန်း ၁၂၀၀၀ ကျော်အကုန်အကျခံပြီး တည်ဆောက်နေတယ်လို့သတင်းရရှိပါတယ်။

ထင်ချောင်းဟာ မင်းတပ်မြို့ကနေ မကွေး ကျောက်ထုသွားတဲ့လမ်းဘက်မှာရှိပြီး မြေ ၆ ဧကပေါ်မှာ စက်ရုံတည်ဆောက်နေတာဖြစ်တယ်။

ယင်းစက်ရုံကို မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်ရှိ ဝဥစိုက်တောင်သူ(၈၀၀)ကျော် စုပေါင်းပြီး တည်ထောင်ထားတဲ့ ချင်းတောင်ရတနာကုမ္မဏီကတည်ဆောက်နေတာဖြစ်တယ်။

ချင်းတောင်ရတနာကုမ္မဏီရဲ့ ဒါရိုက်တာ ဦးရှိန်းခယ်က “စက်ရုံကတော့ ဒီနှစ်အောက်တိုဘာလမှာ စတင်လည်ပတ်နိုင်ဖို့မှန်းထားတယ်။ အခု ရုံးခန်းတော့ဆောက်ပြီးသွားပြီ။ စက်ရုံလည်ပတ်မယ့်ပုံစံက ဝဥ ဆေးတဲ့ပိုင်း၊ အခွံလှီးတဲ့ပိုင်း၊ ဆာလာဖာရိုက်တဲ့ခန်း နဲ့ အခြောက်လှန်းတဲ့ခန်းတွေပါမယ်။ ဒီစက်ရုံကြောင့် သမားရိုးကျစိုက်ပျိုးတဲ့အလေ့အထကနေ အရည်သွေးဘက်ကိုလူတွေပိုလိုက်လာမယ်လို့မျှော်လင့်တယ်” လို့ပြောပါတယ်။

စက်ရုံကို အောက်တိုဘာလကနေ မတ်လအထိ ခြောက်လကြာ လည်ပတ်မှာဖြစ်ပြီး ဝဥအခြောက် တန်ချိန် ၅၀၀ ကျော် အခြောက်လှန်းနိုင်မှာဖြစ်ပါတယ်။ ဒီပမာဏဟာဆိုရင် မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်ရှိ ဝဥစိုက်တောင်သူတွေထုတ်လုပ်တဲ့ ဝဥရဲ့ ၃ ပုံ ၁ ပုံသာရှိပါတယ်။ ယင်းမြို့နယ်တွေမှာ တောင်သူ ၉၃ ရာခိုင်နှုန်းက ဝဥစိုက်ပျိုးနေကြပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်