ချင်းပြည်နယ်သို့ အိန္ဒိယသံအမတ် သွားရောက်

 


ချင်းပြည်နယ်သို့ အိန္ဒိယသံအမတ် သွားရောက်

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ အိန္ဒိယစီမံကိန်းများကိုကြည့်ရှုလေ့လာမည်ဟုကနဦးသိရ

Zalen ad

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူးမားသည် မေလ (၆)ရက်နေ့မှ (၁၀)ရက်နေ့အထိ ချင်းပြည်နယ်ရှိ မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးလမ်းကြောင်းတွေကြည့်ရှုမည်ဟုသတင်းရရှိပါသည်။

မစ္စတာ ဆော်ရက်(ဘ်)ကူးမားသည် ယနေ့ညနေပိုင်းတွင်း ကလေးမြို့မှ တီးတိန်မြို့သို့ မော်တော်ယာဉ်ဖြစ် သွားရောက်ပြီး မနက်ဖြန် ရိခေါ်ဒါရ်မြို့တွင်ညအိပ်မည်ဖြစ်သည်။ ထို့နောက် ဟားခါးမြို့သို့သွားရောက်ပြီးချင်းပြည်နယ်အစိုးရတို့နှင့်တွေ့ဆုံပြီး ဖလမ်းမြို့တွင်လည်းတစ်ညအိပ်မည်ဟုသိရပါသည်။

ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်၊စက်မှုဝန်ကြီး ဦးစိုးထက်က “သူနဲ့ချင်းပြည်နယ်အစိုးရတို့နဲ့တွေ့ဖို့ရှိတယ်။ ပြီးတော့ ချင်းပြည်နယ်မှာလုပ်နေတဲ့ အိန္ဒိယရဲ့ ကုလာတန်ဆိပ်ကမ်းစီမံကိန်းကနေ ဟိုဘက်က ဇိုရမ်ပူလမ်းကိုဖောက်နေတယ်။ အိန္ဒိယနယ်စပ် ဇိုရမ်ပူမှာ မြစ်ဝချက်ပို့စ်လုပ်ဖို့။ အဲ့လမ်းလုပ်ဖို့ လုံခြုံရေးချပေးပြီး လ (၃၀)သတ်မှတ်ကာ စီမံကိန်းမြန်မြန်အကောင်အထည်ဖော်နိုင်အောင် မေလ (၂)ရက်က နေပြည်တော်မှာ ကျနော်နဲ့ဆွေးနွေးတယ်။ အဲ့ဒါကို ပြည်နယ်အစိုးရနဲ့ဆက်ဆွေးနွေးမယ်။ နောက်တစ်ခုက ရိခေါ်ဒါရ်မှာ နယ်စပ်တံတားထိုးမယ်။ အဲ့ဒါလည်း စီမံကိန်းရှိပြီးသား အဲ့ဒါကိုမြန်မြန်အကောင်အထည်ဖော်ဖို့။ နောက်တစ်ခုက ထန်တလန်ကနေ ဆာဆီချောက်လမ်းမှာလည်း အိန္ဒိယဘက်ကိုသွားဖို့တံတားထိုးမယ်။ တမူးကနေ ကလေးယာကြီးလမ်းလည်း အိန္ဒိယအကူအညီနဲ့ဖောက်နေတာဖြစ်တယ်။ အဲ့လမ်းတွေဆောင်ရွက်မှု၊ မြန်မာပြည်အစိုးရဘက်ကထည့်ဖြည့်ဖို့၊ အိန္ဒိယဘက်က ဖြည့်ဆည်းဖို့၊ ချင်းပြည်နယ်ဘက်ကနေ ဘာတွေရှိမလဲဆိုတာ ဆွေးနွေးဖို့လာတာပါ” ဟုပြောပါသည်။

မနှစ်က နှစ်နိုင်ငံကြား သဘောတူညီထားသည့် တီးတိန်မြို့နယ် ဖာရ်ကျန်ရွာ နယ်စပ်ဈေးနှင့် နယ်စပ်တံတားတည်ဆောက်မည့်နေရာတွေလည်း သွားရောက်မည်ဟုသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပေါ်တာကြောင့် လူငယ်မဲ့သွားသော ပလက်ဝမြို့နယ်က ‌ကျေးရွာများ

အယိုက်လင်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ခန့်မှစတင်ပြီး အာရက္ခတပ်တော် (ULA/AA) က ၎င်းတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်မှုတွေကို ...

ဆက်ဖတ်ရန်