ချင်းပြည်နယ်က ဘဏ်တွေမှာ ငွေသားတွေ ပြတ်လက်နေတဲ့အတွက် Non CDM ဝန်ထမ်းတွေ နှစ်လကျော်ကြာ လစာမရ

သြဂုတ်လ ၃၀ ရက်၊ ၂၀၂၄

Zalen

ချင်းပြည်နယ်က မြို့တွေမှာ မြန်မာ့စီးပွားရေး ဗဟိုဘဏ်အပါဝင် ပုဂလိက ဘဏ်တွေမှာ ငွေသားတွေ ပြတ်လက်နေတဲ့အတွက် ဌာနဆိုင်ရာ Non CDM ဝန်ထမ်းတွေလည်း ပုံမှန်လစာ ထုတ်ယူလို့ မရရှိတော့ဘူးလို့ Non CDM ဝန်ထမ်းတွေဆီက သိရပါတယ်။

ဘဏ်တွေမှာ ငွေသားပြတ်လတ်နေတာ ကြာပြီဖြစ်တဲ့အတွက် Non CDM ဝန်ထမ်းတွေကလည်း ပုံမှန်လစာကို မေလထိသာ ရရှိပြီး ဇွန်၊ ဇူလိုင်လအတွက် လစာ ယနေ့ထိ ထုတ်ယူနိုင်ခြင်းမရှိတော့ဘူးလို့ သိရပါတယ်။

နှစ်လကျော်ကြာ ပုံမှန်လစာ ထုတ်ယူနိုင်ခြင်းမရှိတော့တဲ့ ဟားခါးမြို့က Non CDM ဝန်ထမ်းတွေဟာ နေ့စဥ် မိသားစု စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် အခက်တွေ့နေရတယ်လို့ သိရပါတယ်။

“အခုလက်ရှိ ကုန်စျေးနှုန်းနဲ့ လစာမရဘဲ ဘယ်လို့မှ ရပ်တည်လို့မရဘူး။ အထူးသဖြင့် မိသားစုဝင်များတဲ့သူတွေပေါ့။ လစာမရတာလည်း တစ်လည်းမဟုတ်တော့ နှစ်လကြီးတောင်ဖြစ်နေပြီ။ ဒီလလည်း ရဖို့မမျော်လင့်ဘူး။”လို့ ဟားခါးမြို့က Non CDM တစ်ဦးက ဆိုပါတယ်။

ဟားခါးမြို့က ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ပုံမှန်လစာ မရရှိပေမဲ့ နေ့စဥ် ရုံးတက်/ရုံးဆင်း ပြုလုပ်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် တီးတိန်မြို့က Non CDM ဝန်ထမ်းတွေကို အရင်လတွေက ကလေးမြို့ မြန်မားစီးပွားရေးဘဏ်ကနေ လစာလွဲပေးပေမဲ့ ဇွန်၊ ဇူလိုင် လစာကို တီးတိန်ဘဏ်မှာ ငွေသားပြတ်လက်နေတဲ့အတွက် လစာလွဲပေးနိုင်ခြင်း မရှိတော့ဘူးလို့ သိရပါတယ်။

“တီးတိန်က ဘဏ်မှာ ငွေကိုမရှိတော့တာ။ ကလေးဘက်ကနေ ဘဏ်နဲ့ဘဲဖြစ်ဖြစ်၊ Kpay, Wave Pay ဖြစ်ဖြစ် ငွေလွဲပေးတောင်မှ ငွေသားထုတ်လို့ မရဘူး။ တီးတိန်းကနေတော့ ငွေလွဲလို့ရတယ်။”လို့ တီးတိန်က Non CDM ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

ဖလမ်းမြို့မှာလည်း Non CDM ဝန်ထမ်းတွေဟာ ပုံမှန်လစာကို ဇွန်လထိသာ ထုတ်ယူနိုင်ပြီး ဌာနတချို့ဟာ မေလထိသာ ထုတ်ယူလို့ ရတယ်လို့သိရပါတယ်။

အဲ့ဒီမြို့နယ်တွေက ဘဏ်တွေမှာ ငွေသားတွေပြတ်လက်နေတဲ့ အငြိမ်းစား ဝန်ထမ်းတွေလည်း လစာနိုင်ခြင်း မရှိတော့ဘူးလို့ သိရပါတယ်။

လက်ရှိ မြို့တော်ဟားခါးအပါဝင် တီးတိန်၊ ဖလမ်း၊ ခိုင်ကမ်း၊ ကန်ပက်လက်၊ မင်းတပ် စတဲ့မြို့တွေဟာ စစ်ကောင်စီက ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တယားတွေ လည်ပတ်နေဆဲဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတဲ့ ချင်းပြည်နယ် မြို့တွေက Non CDM ဝန်ထမ်းနဲ့ အငြိမ်းစားဝန်ထမ်းတွေလည်း လစာထုတ်ယူလို့ မရရှိတော့ပါ။

သတင်း – ကိုခူမီး

နောက်ဆုံးရသတင်းများ

ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲ အကျိုးဆက် ဘာတွေ ဖြစ်နိုင်လဲ

ဝသာန် ၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်နေ့က မြန်မာနိုင်ငံမှာ (၇.၇)စကေးရှိတဲ့ အပြင်းထန်ဆုံး ငလျင်ဘေး‌ဒါဏ်ကို ခံစားခဲ့ရတယ်။အဆိုပါ ငလျင်ဘေးဒါဏ်ကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ (၁၀)ရက်ရှိသွားပေမယ့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေတုန်းပါပဲ။ မြန်မာနိုင်ငံကို နိုင်ငံတကာက အကူအညီအနေနဲ့ အမေရိကန်ဒေါ်လာ(၁၃၆.၈၈)သန်း ရရှိထားတယ် ...

ဆက်ဖတ်ရန်