ချင်းပြည်နယ်မှာ ၃ နှစ်အတွင်း စစ်ကောင်စီ တပ်စခန်း ၂၄ ခု သိမ်းပိုက်

၃၊ ဖေဖော်ဝါရီ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်မှာ တော်လှန်ရေး ၃ နှစ်တာ ကာလအတွင်း စစ်ကောင်စီ တပ်စခန်းပေါင်း ၂၄ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး တပ်စခန်း ၁၂ ခုမှာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA)က ဇန်နဝါရီ ၂ ရက်နေ့က သတင်း ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေဟာ ၂၀၂၁ ခုနှစ်မှာ မကွီအိမ်နူး တပ်စခန်းနဲ့ လုံးလဲရ် တပ်စခန်း တို့ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ထန်တလန်မြို့ရဲစခန်း၊ ဗါရ် တပ်စခန်း၊ ရိခေါဒါရ် အမှတ် ၁ တပ်စခန်း၊ ရိခေါဒါရ်အမှတ် ၂ တပ်စခန်း၊ ခမ်းပါတ် တပ်စခန်း၊ တရွန်အိုင် တပ်စခန်း၊ နုံဘူး တပ်စခန်း၊ သီးဘွာလ် တပ်စခန်း၊ ကနေဒီ တပ်စခန်း၊ ထင်းရှူး တပ်စခန်း၊ လိုင်လဲင်းပီ တပ်စခန်း၊ ရေဇွာ တပ်စခန်း၊ ဘုံဇုံးတပ်စခန်း၊ ပွိုင့်(၃၇၇)ခဝဲ တပ်စခန်းနဲ့ ထည်ဘွေစခန်း တို့ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ်မှာ သိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေက ရှင်းလက်ဝ တပ်စခန်း၊ တောင်ရှည် တပ်စခန်း၊ ခလရ(၂၈၉)တပ်ရင်းဌာနချုပ်၊ ခန်ခတောင် တပ်စခန်း၊ မီးဝတပ်စခန်း၊ နှမဒါဗျူဟာတပ်စခန်း နဲ့ သိုင်ငင်း တပ်စခန်းတို့ ဖြစ်ပါတယ်။

၃ နှစ်တာ ကာလအတွင်း စစ်ကောင်စီမှ နိုင်ငံတော်အာဏာ သိမ်းယူအပြီးမှာ စစ်ကောင်စီရဲ့ အာဏာရှင်စနစ်ကို မလိုလားတာကြောင့် လက်နက်ချစွန့်ခွာခဲ့တဲ့ ချင်းပြည်နယ်က တပ်စခန်းတွေမှာ ဆူရ်ခွာမြို့ရဲစခန်း၊ နှာရိန်းမြို့ရဲစခန်း၊ ဝန်းသိုတပ်စခန်း၊ ဆာဘောင်သဲရဲစခန်း၊ ဝေဘူလရဲစခန်း၊ ဒါရ်ခိုင် ရဲစခန်း၊ သံတောင်ရဲစခန်း၊ လုံငိုစခန်း၊ ရမ်းကြီးစခန်း၊ သီးကီးရ်စခန်း၊မှောင်တလန်းရဲစခန်းနဲ့ ကပ်သဲလ်စခန်းတို့ ဖြစ်ပါတယ်။

ပလက်ဝမြို့နယ်က စစ်ကောင်စီ တပ်စခန်းသိမ်း တိုက်ပွဲမှာ ရက္ခိုင့်တပ်တော်(AA)နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ Maraland Defence Force (MDF)တို့မှ ပူးပေါင်း သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။

တော်လှန်ရေး တပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတဲ့ အခြေနေတွေကို ကြည့်ခြင်းအားဖြင့် ချင်းပြည်နယ်အတွင်း ၇၅ ရာခိုင်နှုန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီဟု ICA က ဆိုပါတယ်။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်