ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီက နှမ်းတင်တဲ့ကား ကား၉ စီးကိုဖမ်းဆီး

၂ ၊စက်တင်ဘာ ၊၂၀၂၄

Zalen

မကွေးတိုင်း ၊ဂန့်ဂေါမြို့နယ် မြောက်ပိုင်းဒေသဘက်မှသယ်ယူလာတဲ့နှမ်းသယ်တဲ့ကား ၉ စီးကိုမနေ့စက် တင်ဘာလ ၁ ရက်နေ့ကခလရ ၅၀ တပ်ရင်းမှဖမ်းဆီးပြီး တပ်ရင်းထဲကို ခေါ်ဆောင်သွားတယ်လို့‌ ဒေသခံတွေထံကသတင်းရရှိပါတယ်။

အဆိုပါအဖမ်းခံရတဲ့ နှမ်း ကား ၉စီးအနက် ၈စီးက ၁၂ ဘီးကား၊ နောက်ထပ် တစ်စီးက ၆ ဘီးကားတွေဖြစ်ပြီး နှမ်းအိတ် စုစုပေါင်း ၃၂၀၀ကျော် ၊နှမ်းတင်းပေါင်း သုံးသောင်းကျော်အထိရှိကာ ဂန့်ဂေါမြောက်ဘက်ကနေ ပခုက္ကူ ပွဲရုံကို ပို့ရမယ့် ကုန်တွေဖြစ်တယ်လို့သိရပါတယ်။

စစ်ကောင်စီဖမ်းဆီးထားတဲ့ ကားသမားတွေကိုတော့ ဖမ်းမိမိချင်း ရိပ်သာကုန်းမှာထိန်းသိမ်းထားပေမယ့်အခုချိန်မှာတော့အာမခံနဲ့ပြန်လွှတ်‌ ပေးပြီးလက်ရှိမှာကားသမားအကုန်လုံး ကျောတိုက်ထဲမှာ ထားပြီးကားတွေကိုတော့ခလရ ၅၀ ထဲမှာပဲထိန်းသိမ်းခံထား ရတယ်လို့သိရပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးကတော့” ဂန့်ဂေါမြောက်ဘက်က နှမ်းတွေပခုက္ကူပွဲရုံကိုပို့တာပါ၊မနေ့က နေ့ခင်းလောက်ဖမ်းတာ၊ကား ၉ စီးနဲ့အပြည့်ပါ၊ မြန်မာငွေနဲ့လည်း ကျပ် သိန်း သုံးသောင်းကျော်မှာဗျ၊ကားသမားတွေကိုပါအစကဖမ်းတာ၊အခုကားသမားတွေ အာမခံနဲ့ပြန်လွှတ်တယ်၊ကျောတိုက်မှာထားတယ်လို့ကြားတယ်ဗျ၊ကားတွေအကုန်လုံးက ခလရ ၅၀ ထဲမှာပဲ၊မနက်ကကြားတာတော့ တစ်စီးကို နှမ်းတွေချပြီကြားတယ်ဗျ” လို့ Zalen ကိုပြောပါတယ်။

လက်ရှိ ဂန့်ဂေါမြို့နယ်တွင် နှမ်းတစ်တင်းကို ရှစ်သောင်း ၀န်းကျင် နဲ့သာရောင်းထွက်ပြီး ပခုက္ကူ အရောက်ဆိုရင် တစ်သိန်းသုံးသောင်း၀န်ကျင်အထိပြန် လည် ရောင်းချ ရတယ်လို့သိရပါတယ်။

“ကျွန်တော့ကတော့ ကုန်သည် ပွဲစားတော့မဟုတ်ဘူး၊တောင်သူတွေနစ်နာလို့ သူများရှစ်သောင်းနဲ့၀ယ်တာ တစ်သိန်းနဲ့၀ယ်ပေးတာ၊အမြတ်မရရင်နေပါစေ၊မရှုံးဖို့အရေးကြီးတယ်ဆိုပြီး ၀ယ်ပေးတာ၊တင်းပေါင်း ၃၂၀၀ လောက်ပါသွားတယ်ဗျ”လို့ ဆက်ပြောပါတယ်။

လမ်းပိုင်းကိစ္စနဲ့ပတ်သက်ပြီး ပခုက္ကူ-ဂန့်ဂေါလမ်းပိုင်းကို တော့ ပခုက္ကူပွဲရုံပိုင်ရှင်တွေက နေတဆင့် ခလရ ၅၀ တပ်ရင်း ထံကိုပွဲရုံပိုင်ရှင်တွေကိုယ်တိုင် လမ်းကြောင်းကိုခွင့်တောင်ပြီး ခွင့်ပြုချက်ရပြီးမှ ကားတွေကို ထွက်ခိုင်းတာဖြစ်တယ်လို့သိရပါတယ်။

“သူတို့ကကြိုသိတာပေါ့ဗျ၊လမ်းကြောင်းက ပွဲရုံပိုင်ရှင်တွေနှင့် စစ်ကောင်စီ အဖွဲ့တွေကညှိပြီးသားပါ၊အခုဖမ်းတာက သူတို့မှာရိက္ခာပြတ်နေတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်လုပ်နေကြတာပါ” လို့ဆိုပါတယ်။

စစ်ကောင်စီဖမ်းထားတဲ့နှမ်း တွေဟာ တစ်တင်းကိုလက်ငင်းဆို ၈ သောင်း ပေးရပြီးတစ်လဆိုင်းဆို

၈ သောင်းခွဲ ဖြင့်၀ယ်ကြတာဖြစ်‌ ပေမယ့်လက်ငင်းသမားတွေကတော့ ပိုက်ဆံရကြပြီး၊တစ်လဆိုင်းသမားတွေကပိုက်ဆံမရ‌ သေးတာ‌ ကြောင့် အဲဒီအတွက်ရင်မအေးရဘဲဖြစ်နေကြတယ်လို့သူကဆက်ပြောပါတယ်။

ဆက်လက်ပြီးနှမ်းတင်လာတဲ့ ကား ၉ စီးလုံး ကို မြို့အ၀င်ဂိတ်ကနေပြီး စစ်သား၊ရဲ၊ပျူစောထီးအဖွဲ့တွေက တစ်စီးကို ခုနှစ်သိန်း စီတောင်းခံပြီးမှ ခလရ ၅၀တပ်ရင်းကိုခေါ်ဆောင်ကာ၊ ၆ ဘီးကားပေါရှိနှမ်းအိတ်များကိုချ ဆား၊ဆန်၊ဆီ စတဲ့ရိက္ခာကိုတင်ပြီး မြောက်ခင်ရမ်းရွာကိုပို့ပေးမှသာ ကျန်တဲ့နှမ်း ကားတွေကိုလည်းပြန်လွှတ်ပေးမယ်ဆိုပြီးခြိမ်းခြောက်နေတယ်လို့သိရပါတယ်။

ယောနေ

နောက်ဆုံးရသတင်းများ

အိန္ဒိယဗဟိုအစိုးရက ပလက်ဝနဲ့ စစ်တွေအထိလျှပ်စစ်မီးပေးဖို့ဆန္ဒရှိနေ

၁၄၊ စက်တင်ဘာလ၊ ၂၀၂၄ Zalen အိန္ဒိယနိုင်ငံ၊ ဗဟိုအစိုးရက ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ် စစ်တွေအထိ လျှပ်စစ်ဓာတ်အား ပေးဖို့ဆန္ဒရှိနေပြီး မီဇိုရမ်ပြည်နယ်အစိုးရက ပူးပေါင်းဆောင်ရွက်ပေးရန်ဖိတ်ခေါ်ခဲ့တယ်လို့သိရပါတယ်။။ စက်တင်ဘာလ ၁၂ ရက်နေ့မှာ အိန္ဒိယဗဟိုအစိုးရ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ တွဲဖက်အတွင်းရေးမှူး ...

ဆက်ဖတ်ရန်