ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး‌ ကြောင့်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

၂၅ ၊ ဇွန် ၊ ၂၀၂၅

Zalen

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ၊အနောက်ဂန့်ဂေါကျေးရွာကို မနေ့က ဇွန်လ ၂၅ ရက်နေ့ မှာ ခလရ ၅၀ တပ်ရင်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်း ပစ် ခတ်ခဲ့တာကြောင့် အရပ်သား အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေထံကသိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက ည ၉ နာရီ၀န်းကျင်မှာ ၁၂၀ မမ လက်နက်ကြီးကိုရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အနောက်ဂန့်ဂေါရွာထဲ ကျရောက်ခဲ့ပြီးရွာထဲကနေအိမ်တစ်လုံးလည်း ပျက်စီးသွားတယ်လို့ဆိုပါတယ်။

Zalen ad

အဲဒါနဲ့ပတ်သက်လို့ ဒေသခံတစ်ဦးကတော့”အမျိုးသမီးတစ်ဦးဒဏ်ရာရတယ်။ချင်းအမျိုးသမီးတစ်ဦးပါ။အဲဒီကရွာခံပဲ” လို့ Zalen ကိုပြောပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိတဲ့အမျိုးသမီးကအသက် ၄၀ ၀န်းရှိတယ်လို့သိရပြီး ထိခိုက်ဒဏ်ရာကတော့ စိုးရိမ်စရာ မရှိဘူးလို့ ရှင်းပြပါတယ်။

ဂန့်ဂေါခရိုင်အတွင်းရှိ ထီးလင်း ၊ကျောက်ထု ဒေသတွေမှာလည်းစစ်ကောင်စီက မကြာခဏစစ်ကြောင်းထိုးတာတွေရှိသလို ဂန့်ဂေါနယ်အတွင်းကျေးရွာ တွေမှာလည်းရုတ်တရက် စစ်ကြောင်းထိုး ဖမ်းဆီးတာတွေရှိနေတာဖြစ်ပါတယ်။

သတင်း – နွေဦးအင်္ဂါ

ဓာတ်ပုံ- ပုံဟောင်း

နောက်ဆုံးရသတင်းများ

ပေါ်တာကြောင့် လူငယ်မဲ့သွားသော ပလက်ဝမြို့နယ်က ‌ကျေးရွာများ

အယိုက်လင်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ခန့်မှစတင်ပြီး အာရက္ခတပ်တော် (ULA/AA) က ၎င်းတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်မှုတွေကို ...

ဆက်ဖတ်ရန်