စက်တင်ဘာ တစ်လအတွင်း ဒုက္ခသည် သုံးသောင်းကျော် တိုးလာလို့ UNOCHAက ထုတ်ပြန်

ချစ်ခြင်းနွေ/၃၊ အောက်တိုဘာ၊ ၂၀၂၃။

Zalen

လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာ တိမ်းရှောင် ထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးသောင်းကျော် တိုးလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA က အောက်တိုဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်းဟာ နေရပ်စွန့်ခွာသူ အများဆုံးအနေနဲ့ ၁၅,၉၀၀ဦး၊ မကွေးတိုင်းက ၁၀,၈၀၀ဦး၊ စစ်ကိုင်းတိုင်းမှာ ၃၀၀ ဦး၊ ကရင်ပြည်နယ်မှာ ၂၀၀ ဦး၊ ကယားမှာ ၂၀၀ ဦး၊ တနင်္သာရီမှာ ၇,၀၀၀၊ ချင်းပြည်နယ်မှာ ၁,၁၀၀ ဦးနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ၈၀၀ ဦး စုစုပေါင်း ၃၆,၃၀၀ဦး တိုးလာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ UNOCHA ရဲ့ အစီရင်ခံစာမှာတော့ နိုင်ငံတစ်ဝန်းမှာ ပဋိပက္ခနဲ့ မလုံခြုံမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သား ၁.၉ သန်းကျော် ရှိတယ်လို့ ဖော်ပြခဲ့ပြီး အောက်တိုဘာ ၂ရက်နေ့ မနေ့က ထုတ်ပြန်ချက်မှာတော့ နှစ်သန်းနီးပါးလို့ ရေးသားဖော်ပြထားပါတယ်။

အကြိမ်ကြိမ် နေရပ်စွန့်ခွာကြရသူတွေ အပါအဝင် ပြည်တွင်းဒုက္ခသည် ၂ သန်းနီးပါးအတွက် စာနာမှု အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ UNOCHAက ဆိုပါတယ်။

အဲဒီအထဲက ၁.၈သန်းကျော်ကို အခုနှစ် ပထမခြောက်လအတွင်းမှာပဲ ပြည်တွင်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး အကူအညီပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပဋိပက္ခတွေနဲ့ မိုးသည်းထန်ရေကြီးမှုတွေကြောင့် နေရပ်စွန့်ခွာရမှုတွေ၊ အရပ်သားသေကြေထိခိုက်မှုတွေ၊ အိုးအိမ်ပျက်စီးမှုတွေ ကြုံနေရပြီး လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်တွေ ပိုမိုကြီးထွားလာနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေကို ဝင်ရောက်ကူညီခွင့်နဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ အကန့်အသတ် တွေကြောင့် ကယ်ဆယ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ နှောင့်နှေးကြန့်ကြာစေတာကြောင့် စစ်ဘေးဒဏ်ခံရသူတွေနဲ့ နေရပ်စွန့်ခွာသူတွေ ဒုက္ခတွေ့နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်