စင်ကာပူ၌ မြန်မာအိမ်အကူကို သေဆုံးသည်အထိနှိပ်စက်ခဲ့သည့်အိမ်ရှင်အား သက်သေဖျောက်ရန်ကြိုးပမ်းမှုဖြင့်ထောင်ဒဏ်ထပ်မံချမှတ်

ဇွန် ၂၆၊ ၂၀၂၃

စင်ကာပူ၌ မြန်မာအိမ်အကူအား သေဆုံးသည်အထိ ညှဉ်းပမ်းနှိပ်စက်ခဲ့သည့် အိမ်ရှင်သားအမိအနက် မိခင်ဖြစ်သူက ၎င်း၏သားမက်အား သက်သေပါရှိသည့် စီစီတီဗွီမှတ်တမ်းကိုဖျောက်ဖျက်ရန်ခိုင်းခဲ့သဖြင့် ထောင်ဒဏ်ထပ်တိုးချမှတ်ခံရသည်ဟုသိရသည်။

အသက် ၆၄ နှစ်အရွယ်ရှိ အဆိုပါအမျိုးသမီးအား သက်သေဖျောက်ရန်ကြိုးပမ်းမှုဖြင့် ထောင်ဒဏ်သုံးနှစ်ထပ်မံချမှတ်ခဲ့သည်ဟုဆိုသည်။

၎င်းအမှု၌အိမ်အကူ ကလေးတစ်ယောက်မိခင် Single Mother ဖြစ်သည့် Ms. Piang Ngaih Don သည် ကိုယ်အလေးချိန် ၂၄ ကီလိုဂရမ်သာ ရှိသည်အထိရိုက်ပုတ်နှိပ်စက်ခံရကာ အစာအငတ်ထားခံခဲ့ရပြီး ၁၄ လကြာပြီး‌နောက် လည်ပင်းတွင်ပြင်းထန်ဒဏ်ရာရသဖြင့် ဆေးရုံတင်ထားရချိန်၌ ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

Zalen ad

အဆိုပါမိန်းကလေးသည် အစားမစားရဘဲ ရိုက်ပုတ်နှိပ်စက်ခံခဲ့ရကာ ညအချိန်များ၌ ပြတင်းပေါက်တိုင်နှင့်ကပ်ချည်ထားခြင်းများ၊အချို့ရက်များ၌ ဆာလွန်း၍အမှိုက်ပုံးထဲရှာဖွေစားသောက်ပါက ရိုက်နှက်ခံရခြင်းများလည်း ရှိခဲ့သည်ဟုသိရသည်။

၎င်းဖြစ်ရပ်များအားလုံးပါရှိသည့် စီစီတီဗွီမှတ်တမ်းအားဖျောက်ဖျက်ပေးရန် ကျူးလွန်သူအမျိုးသမီး၏မိခင်က ရဲအရာရှိတစ်ဦးဖြစ်သူ၎င်း၏သားမက်အားတောင်းဆိုခဲ့သဖြင့် သက်သေဖျောက်ရန်ကြိုးပမ်းမှုဖြင့် ထပ်မံစွဲချက်တင်ခံခဲ့ရခြင်းဖြစ်သည်ဟုသိရသည်။

သားမက်ဖြစ်သူ မစ္စတာချယ်ဝမ်လည်း ၂၀၁၆ ခုနှစ်ဩဂုတ်လ၌ တာဝန်မှဆိုင်းငံ့ခံခဲ့ရပြီး အဓိကတရားခံဖြစ်သည့် မစ္စဂိုင်ယာသရီအားထောင်ဒဏ်နှစ် ၃၀၊ ပူးပေါင်းပါဝင်သူ ၎င်း၏မိခင်အား ထောင်ဒဏ် ၁၄ နှစ်နှင့် သက်သေဖျောက်ရန်ကြိုးပမ်းမှုအတွက် ၃ နှစ်ဟူ၍အသီးသီးပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

Ms. Piang Ngaih Don သည် ၂၀၁၅ ခုနှစ် မေလတွင် စင်ကာပူနိုင်ငံသို့ အိမ်အကူဖြစ်ရောက်လာပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်တွင် အိမ်ရှင်မိသားစုရဲ့နှိက်စက်ဒဏ်ကြောင့် ဆေးရုံတင် ဆုံးသွားခဲ့သည်။

Source : CNA

နောက်ဆုံးရသတင်းများ

ပေါ်တာကြောင့် လူငယ်မဲ့သွားသော ပလက်ဝမြို့နယ်က ‌ကျေးရွာများ

အယိုက်လင်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ခန့်မှစတင်ပြီး အာရက္ခတပ်တော် (ULA/AA) က ၎င်းတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်မှုတွေကို ...

ဆက်ဖတ်ရန်