စစ်ဘေးရှောင်တွေတွက် မင်းတပ်မှာ အလှူငွေ (၃၆)သိန်းကျော်ရရှိ

စစ်ဘေးရှောင်တွေတွက် မင်းတပ်မှာ အလှူငွေ (၃၆)သိန်းကျော်ရရှိ

ပလက်ဝမြို့နယ် စစ်ဘေးရှောင်ပြည်သူတွေတွက် မင်းတပ်မြို့မှာ ဇွန် (၁၃)ရက်နဲ့ (၁၄) ရက်တွင် တစ်အိမ်တက်ဆင်းအလှူငွေကောက်ခံရာ စုစုပေါင်း အလှူငွေ (၃၆,၀၈,၅၅၀) ကျပ်တိတိ ကောက်ခံရရှိပါတယ်။

ပထမနေ့တွင် အလှူငွေ ၁၇,၇၈,၈၀၀ ကျပ်၊ ဒုတိယနေ့တွင် အလှူငွေ ၁၇,၂၄,၅၅၀ ကျပ် ရရှိထားပါတယ်။ Mindat Volunteer Group အဖွဲ့ကအလှူငွေကောက်ခံတာဖြစ်ပါတယ်။

အလှူငွေကောက်ခံရာတွင်ပါဝင်တဲ့ ဆလိုင်းမန်ဟုန်းက “မင်းတပ်က ၂ ယောက် သွားဖို့တော့ စီစဉ်ထားကြတယ်။ နေ့ မသတ်မှတ်ရသေးဘူး။ အလှူကတော့ ခုထိ လက်ခံဆဲ နောက်ဆက်ပြီး အလှူခံဖို့လဲ အစီအစဉ်တွေရှိသေးတယ်။ ဇွန်လ လကုန်ပိုင်း သွားနိုင်အောင်တော့ ဆွေးနွေးထားကြတယ်။ ပစ္စည်းက အများကြီးတော့ မရသေးဘူး။ တစ်ဦးချင်းပေးတဲ့ ၊ အမျိုးသမီးအသုံးဆောင်ပစ္စည်း၊ အိုးခွက်ပုကန် ၊အဝတ်အထည်၊ စောင်၊ဘသွားတိုက်တံ ၊ဆန်၊ စတာတွေတော့ ရထားတယ်” လို့ပြောပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ပေါ်တာကြောင့် လူငယ်မဲ့သွားသော ပလက်ဝမြို့နယ်က ‌ကျေးရွာများ

အယိုက်လင်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ခန့်မှစတင်ပြီး အာရက္ခတပ်တော် (ULA/AA) က ၎င်းတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်မှုတွေကို ...

ဆက်ဖတ်ရန်