စစ်ကောင်စီက သာယာကုန်းရွာနေအိမ် ၅၀ ကျော်မီးရှို့ပြီး အရပ်သား ၂ ဦးပစ်သတ်

ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းမပေါ်ရှိ သာယာကုန်းရွာအနီးတွင် စစ်ကောင်စီတပ်နဲ့
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တစ်ပတ်ကြာတိုက်ပွဲဖြစ်ပွားပြီးနောက် သာယာကုန်းရွာက လူနေအိမ် ၅၂ လုံးကို စစ်ကောင်စီကမီးရှို့ပြီး အရပ်သား ၂ ဦးကို အကြောင်းမဲ့ပစ်သတ်ကြတယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။

သြဂုတ်လ ၂ ရက်ကစပြီး ၅ ရက်နေ့ထိတိုက်ပွဲဖြစ်ပွားကာ ယနေ့သြဂုတ် ၈ ရက်အထိ သာယာကုန်းရွာမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေကြဆဲလို့သိရတယ်။ ဒါကြောင့် သာယာကုန်းရွာနဲ့ အနီးဝန်းကျင်က ကျေးရွာ ၅ ရွာကပြည်သူတွေဟာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ကြပါတယ်။

ဒေသခံတစ်ဦးက “ခုထိ ဘယ်သူမှရွာထဲမဝင်နိုင်သေးဘူး။ ဘာဖြစ်လို့လဲဆို စစ်ခွေးတွေ တပ်စွဲထားတုန်းမို့။ ရွာပေါ်မှာ ဒရုန်းနဲ့ကြည့်တဲ့ချိန်မှာ လူနေအိမ် ၅၀ နဲ့ စပါးကျီ ၂ လုံး မီးလောင်တယ်။ သူတို့က ရွာကို သုံးကြိမ်နဲ့ မီးရှို့ကြတယ်။ ရွာထဲဝင်လာတဲ့နေ့မှာ မီးစရှို့တယ်။ အဲ့ဒီညမှာတစ်ကြိမ်ထပ်ရှို့တယ်။ပြီးတော့နောက်တစ်နေ့ ထပ်ရှို့ပြန်တယ်။ အသတ်ခံရတာက သာယာကုန်းရွာသား အသက် ၅၄ အရွယ်အမျိုးသားကို သူတို့အိမ်ရှေ့မှာ သေနတ်နဲ့ပစ်သတ်ကြတယ်။ ပြီးတော့ ခြေထောက်တစ်ဖက်ပြတ်တဲ့ အနောက်စံသာရွာသားကိုလည်း သာယာကုန်းရွာနားမှာတွေ့တာနဲ့ ပစ်သတ်ကြတယ်။ ရွာသား ၅၁ ယောက်ကို ဖမ်းထားပေမယ့် အခုတော့ပြန်လွှတ်လိုက်ပြီ” လို့ပြောပါတယ်။

ဆက်လက်ပြီး ဒေသခံတစ်ဦးက “သေနတ်သံစကြားတဲ့ချိန် သြဂုတ် ၂ ရက်မနက်ပိုင်းမှာ ရွာထဲကနေစရှောင်ကြတယ်။ တိုက်ပွဲက ခါတိုင်းလို သိပ်မကြာဘဲ နောက်နေ့ဆို အိမ်ပြန်လာနိုင်မယ်ထင်လို့ ဘာပစ္စည်းမှလည်းယူမသွားကြဘူး။ ပစ္စည်းယူတဲ့ချိန်လည်းမရှိဘူး။ အဝတ်တစ်ထည်နဲ့ပြေးလာကြတာ ခုဆို တစ်ပတ်ပြည့်တော့မယ်။ အိမ်ပြန်လို့မရသေးဘူး” လို့ပြောပါတယ်။

Zalen ad

ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေအထိနာပြီး ကလေးနည်းပညာတက္ကသိုလ်နဲ့ မြို့ထဲကနေ လက်နက်ကြီးပစ်ကူပေးကြပါတယ်။ ဒါ့ပြင် လေယာဉ်တစ်စီးလည်း ပျံသန်းလာတယ်လို့သိရတယ်။ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၃ ဦးကျဆုံးပြီး လက်နက်ကြီးကြောင့် ၁၇ ဦးထိခိုက်ဒဏ်ရာရရှိကြပါတယ်။

သာယာကုန်းရွာ ချင်းတိုင်းရင်းသားတွေနေထိုင်တဲ့ရွာဖြစ်ပြီး အိမ်ခြေ ၃၄၀ ကျော်ရှိကာ ကလေးမြို့ကနေ ၇ မိုင်သာကွာဝေးပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက အိန္ဒိယ-မြန်မာနယ်စပ် အမှတ်(၁) ကုန်သွယ်ရေးလမ်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေဆဲ

ဇွန်  ၁၂၊ ၂၀၂၆ Zalen စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ အမှတ်(၁) ကုန်သွယ်ရေးလမ်း ကလေး-တမူး လမ်းပိုင်းကို ပြန်လည်ရရှိရေး အပြင်းအထန်ကြိုးစားနေတယ်လို့ ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကနေစပြီး တမူးမြို့အခြေစိုက် စစ်ကောင်စီတပ်က ...

ဆက်ဖတ်ရန်