စစ်ကောင်စီ ရဲတပ်သား ၂ ဦး လက်နက်အပြည်စုံနဲ့ CDF-KKG ထံ အလင်းဝင်

၂၄၊ မတ်လ၊ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား ၂ ဦးဟာ CDF-KKG ထံ လက်နက်ခဲယမ်းအပြည့်စုံနဲ့ အလင်းဝင်ရောက်လာတယ်လို့ ဒီနေ့ မတ်လ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ကလေးမြို့မှ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား ၂ ဦးဟာ ၎င်းတို့ရဲ့ G3 သေနတ် ၂ လက်၊ ကျည်ဘောက် ၈ ခု၊ ကျည်ဆန် ၄၇၀ တောင့်နဲ့အတူ CDF – KKG ထံ အလင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။

“ကလေးမြို့က စကစ ရဲတပ်ရင်း ၁၆ က ရဲတပ်သားတွေ ဖြစ်ပါတယ်။ အသက်အားဖြင့် ၂၅ နှစ်အရွယ်နဲ့ ၂၆ နှစ်အရွယ်တွေပါ။ သူတို့တွေကို အရင်လိုဘဲ ဘေးကင်းလုံခြုံတဲ့ နေရာမှာ စောင့်ရှောက်ထားပါတယ်။ နောက်မှ သူတို့သွားချင်တဲ့ နေရာကို ပို့ပေးသွားမှာပါ။” လို့ CDF-KKG တာဝန်ရှိသူက ဆိုပါတယ်။

လက်နက်ခဲယမ်း အပြည့်စုံနဲ့ အလင်း၀င်လာတဲ့ ရဲတပ်သား ၂ ဦးကို CDF-KKG က ဆုကြေးငွေ ကျပ်သိန်း ၅၀ ဆု ချီးမြင့် ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်တွင်း CDF-KKG ထံ အလင်းဝင်ရောက်လာကြတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား စုစုပေါင်း ၄ ဦးခန့် ရှိပြီလို့ သိရပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

တလန်ဇာန်ကျေးရွာ လေကြောင်း တိုက်ခိုက်မှုဟာ တော်လှန်ရေးသမားများလုပ်ခဲ့တာဆိုတဲ့ သတင်းအမှား

Zalen မတ်လ ၂၁ ရက်၊ ၂၀၂၅ ခုနှစ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တလန်ဇာန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနဲ့ အဆောက်အအုံတွေ ပျက်စီးတာကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးဖြင့်ပစ်ခတ်တာလို့ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိလျက်ရှိဆိုတဲ့ သတင်းကို ...

ဆက်ဖတ်ရန်