စစ်ဘေးရှောင်မသန်စွမ်း အမျိုးသမီးငယ်တစ်ဦး ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် သေဆုံး

၄၊ စက်တင်ဘာ ၂၀၂၄

Zalen

မဏိပူပြည်နယ် အန္ဒိယ-မြန်မာနယ်စပ် ဥခရုလ်ခရိုင် မှာ စစ်ရှောင်ခိုလှုံနေတဲ့ မြန်မာစစ်ဘေးရှောင် ၁၅နှစ်အရွယ် အမျိုးသမီးငယ် မ ပီးငိုင်းလျှင်ဟာ ကာလဝမ်းရောဂါကြောင့် ဩဂုတ်လ ၂၆ရက်နေ့က သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးငယ်ဟာ ‌မွေးကသည်းက ပိုလီယိုရောဂါကြောင့် မသန်စွမ်းဖြစ်နေတာတာလို့ စစ်ရှောင် တစ်ဦးက ပြောပါတယ်။

Zalen ad

ဇူလိုင်လကနေစပြီး မိုးအဆက်မပျက် ရွာသွန်းနေလို့ ၎င်းဒေသမှာ ရေကြီး ရေလျှံမှု ဖြစ်ပွားပြီး စစ်ဘေး ရှောင်များခိုလှုံနေတဲ့ နေရာတွေ ရေလွှမ်းမှု ကြောင့် သောက်သုံးရေး မသန့်ရှင်းလို့ စစ်ဘေးရှောင် အချိုး ကာလဝမ်းရောဂါ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

” ကျမတို့ နေတဲ့နေရာမှာ မိုးတအားရွာတော့ ရေကမသန့်တော့ဘူးရှင့်။ ချောင်းရေက ကြီးလာတော့ ကျမတို့လည်း ကပြာ ကယာရွေ့ရတာ။ ရေမသန့်ရှင်းလို့ ဝမ်းရောဂါတွေအဖြစ်များတယ်။ အခုသေဆုံးသွားတဲ့ ကလေးမကလည်း သောက်ရေမသန့်ရှင်းလို့ ဖြစ်သွားတာပါ” လို့ မိသားစုနဲ့နီးစပ်တဲ အမျိုးသမီး တစ်ဦးက Zalen ကိုပြောပါတယ်။

တမူးအထက်ပိုင်း မြို့သစ်မြို့နယ်က ကျေးရွာရှိ ဒေသခံများဟာ ယခုနှစ် ဖော်ဖော်ဝါရီလ ကတည်းက စစ်ရေး အခြေနေကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြတာဖြစ်ပြီး ယခုသေဆုံးသွားတဲ့တဲ့ မသန်စွမ်း အမျိုးသမီးငယ်ဟာ စေတီကျေးရွာ ဒေသခံ မိဘမဲ့ တစ်ဦးဖြစ်တယ်လို့လဲ သိရပါတယ်။

အဆိုပါဒေသမှာ အိမ်ထောင်စုပေါင်း ၄၀၀ ကျော် စစ်ဘေးခိုလှုံနေကြတာဖြစ်ပြီး စစ်ဘေးရှောင်များဟာ ကာလဝမ်းရောဂါ၊ ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါ တွေကူးဆက်ခံစားနေရလို့ စစ်ရှောင်များအတွက် ကျန်းမာရေး စောင့်လျောက်မှု့လိုအပ်နေတယ်လို့ လည်းပြောပါတယ်။

သတင်း – တမူးနွေဦး

နောက်ဆုံးရသတင်းများ

မိုဘိုင်းဖုန်း CEIR စနစ်မပါတဲ့ဖုန်းတွေကို တလသာ ယာယီသုံးခွင့်ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR စီမံကိန်းက ထုတ်ပြန်

မတ် ၅၊ ၂၀၂၆Zalen လာမယ့် ဧပြီ ၁ ရက်မှစပြီး CEIR (ဗဟိုမိုဘိုင်းစက်ပစ္စည်းမှတ်ပုံတင်စနစ်) ခွင့်ပြုစာရင်းမှာ မပါသေးတဲ့ ဖုန်းတွေကို မိုဘိုင်းကွန်ရက်နဲ့ ရက် ၃၀ သာ ယာယီအသုံးပြုခွင့် ပေးမယ်လို့ စစ်ကောင်စီရဲ့ CEIR/EIR ...

ဆက်ဖတ်ရန်