
ဇွန် ၅၊ ၂၀၂၆
Zalen
အိန္ဒိယ၊ မဏိပူရ်ပြည်နယ်၊ Kangpokpi ခရိုင်၊ Loibolkullen ကျေးရွာကို NSCN-IMနဲ့ ZUF-Kamson အဖွဲ့လို့ယူဆရတဲ့အဖွဲ့က တိုက်ခိုက်ခဲ့လို့ ရွာသူကြီးအပါအဝင် အရပ်သား ၃ ဦးသေဆုံးသွားတယ်လို့ ဒေသသတင်းများက ဖော်ပြေထားပါတယ်။
ယနေ့ဇွန်လ ၅ရက်နေ့မနက် အစောပိုင်း ဒေသစံတော်ချိန် ၄ နာရီခန့်က Kangpokpi ခရိုင်၊ Loibolkullen ကူကီးကျေးရွာကို အခုလိုဝင်စီး တိုက်ခိုက်ခံရတာဖြစ်ပါတယ်။
အဲဒီလို ကူကီးကျေးရွား တိုက်ခိုက်ခံရမှုတွင် Letkhongam Haokip(ရွာသူကြီး)၊ ရွာသူကြီးရဲ့ဇနီးဖြစ်သူ Tinmary Haokipနဲ့ Jangminlal Haokip တို့သုံးဦးဟာ ကျည်ဆံထိမှန်သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဒေသသတင်းအရင်းအမြစ်ဖော်ပြချက် အရ မနက်အစောပိုင်း ရွားသားများအိမ်ပျော်နေချိန်မှာ ဝင်ရောက်တိုက်ခိုက်ခံရတာဖြစ်ပြီး အဲဒီလို တိုက်ခိုက်မှုကို NSCN-IM အဖွဲ့နဲ့ ZUF-Kamson လက်နက်ကိုင်အဖွဲ့များရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်ဆွဲထားပါတယ်။
အခုလိုတိုက်ခိုက်မှု အပြီးတွင် ရဲတပ်ဖွဲ့များနဲ့ ခရိုင်အုပ်ချူပ်ရေးအဖွဲ့များက အခင်းဖြစ်ပွားခဲ့တဲ့ကျေးရွာကိုရောက်ရှိကာ စုံးစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး အခုလိုတိုက်ခိုက်မှုမျိုးထပ်မံမဖြစ်ပွားစေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချထားတယ်လို့သိရပါတယ်။
အဲဒီဒေသဟာ ယခင်ကလည်း လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ လူမျိုးစုများ အကြား ပဋိပက္ခများဖြစ်ပွားလေ့ရှိတယ်လို့ ဆိုပါတယ်။
ကူကီးကျေးရွာတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ခရိုင်အုပ်ချူပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့များဘက်က တရားဝင်ထုတ်ပြန်ထားတာမရှိသေးဘူးလို့ အဲဒီသတင်းကဖော်ပြထားပါတယ်။
မဏိပူရ်ပြည်နယ်မှာ ကူးကီးလူမျိုးစုနဲ့ တန်ခူလ်း နာဂလူမျိုး စု နှစ်ခုကြား လူမျိုးရေးပဋိပက္ခဟာယခုနှစ် ဖေဖော်ဝါရီလတွင် Ukhrul ခရိုင်မှာ စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
သတင်း – Yongpithong
ပုံစာ – Loibolkullen ကျေးရွာတိုက်ခိုက်ခံရမှုတွင်သေဆုံးသွားတဲ့ ရွာသူကြီးအမျိုးသမီးအားတွေ့ရစဉ်။
ဓာတ်ပုံ – လူမှုကွန်ယက်
ကိုးကား – ဒေသသတင်း








