စစ်ရေးအရ နယ်မြေကျော်လာရင် တုံ့ပြန်တိုက်ထုတ်မယ်လို့ “ဝ” တပ်ဖွဲ့ထုတ်ပြန်

၁၊ နိုဝင်ဘာ၊ ၂၀၂၃

ကိုးကန့်ဒေသ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး လေကြောင်း၊ ကြည်းကြောင်းကနေ  စစ်ရေးဆိုင်ရာ နယ်မြေကျူးကျော်မှုတွေရှိလာရင် တုံ့ပြန်တိုက်ထုတ်သွားမှာဖြစ်တယ်လို့  “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA က နိုဝင်ဘာ ၁ရက်နေ့ ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

UWSP အနေနဲ့  ဘက်မလိုက်ရေးမူ ကျင့်သုံးပြီး ကိုးကန့်ဒေသတိုက်ပွဲတွေမှာ  ဘယ်ဘက်မှ ပါမှာ မဟုတ်ကြောင်းနဲ့ ပဋိပက္ခအတွင်းပါဝင်နေတဲ့  အင်အားစုအသီးသီးအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးဆွေးနွေးလုပ်ဆောင်ကြဖို့  တိုက်တွန်းတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

UWSP သည် “ဝ”ပြည်နယ်အတွင်းရှိ နယ်မြေလုံခြုံရေး၊ ပြည်သူ့အသက်အိုးစည်းစိမ်နဲ့ လုံခြုံရေးကို ခြွင်းချက်မရှိ ကာကွယ်ပေးသွားမှာ ဖြစ်တဲ့ အပြင် “ဝ” ဒေသကို စစ်ဘေးရှောင် ဝင်ရောက်လာမယ့် ပြည်သူတွေကိုလည်း လူသားချင်းစာနာထောက်ထားမှုအရ နေရာချထားရေးနဲ့ ကူညီစောင့်ရှောက်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ နှစ်ဖက်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သောင်းဝန်းကျင် အကူအညီ လိုအပ်နေပြီး “ဝ” ဒေသအတွင်း စစ်ဘေးရှောင်လာသူအရေအတွက် ၅ ထောင်ခန့် ရှိနေတယ်လို့ သိရပါတယ်။

ချစ်ခြင်းနွေ

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်က စစ်ကောင်စီရဲ့ တပ်မိသားစုဝင်တွေကို တပ်ပြင်ထွက်ခွင့်ပိတ်ပင်

၉၊ ဒီဇင်ဘာ၊ ၂၀၂၃ Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အခြေစိုက် ခလရ ၂၈၉ တပ်ရင်းရှိ တပ်ရင်းမှူးက တပ်မိသားစုဝင်တွေကို တပ်ပြင်ထွက်ခွင့် ပိတ်ပင်ထားတယ်လို့ သတင်းရရှိပါတယ်။ ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ကဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ...

ဆက်ဖတ်ရန်